ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် အရပ်က ဒေသခံတွေရဲ့ တုန့်ပြန်ချက်

ဓာတ်ပုံ မူပိုင် AP
Image caption ကြားဖြတ် ရွေးကောက်ပွဲ စပြီ

ဒီကနေ့ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ နိုင်ငံတဝန်းရှိ လစ်လပ်သွားတဲ့ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် မဲဆန္ဒနယ်ပေါင်း ၄၅ နေရာ ထဲရှိ ကိုယ်စားလှယ်တွေရဲ့ မဲ အနိုင်အရှုံးကို ကြိုတင် ခန့်မှန်းရအောင် မနေ့က စစ်တမ်း ကောက်ယူ ကြည့်ခဲ့ပါတယ်။

မဲဆန္ဒရှင်တွေနဲ့ ဆက်သွယ် မေးမြန်းကြည့်တဲ့ အခါ မန္တလေးတိုင်း ဒေသကြီးထဲက ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေ ဖြစ်တဲ့ ဇမ္ဗသီရိ ၊ ဒက္ခိဏ သီရိ ၊ ပုဗ္ဗ သီရိ ၊ ဥတ္တရ သီရိ ၊ နွားထိုးကြီး ၊ မဟာအောင်မြေ ၊ တံတားဉီး ၊ မိတ္တီလာ ၊ ပြင်ဉီးလွင် အစရှိတဲ့ နယ်မြေတွေထဲက ကျောက်ပန်းတောင်းက မဲဆန္ဒရှင်တဉီးကို ဆက်သွယ် မေးမြန်းကြည့်ခဲ့ပါတယ်။