ကြားဖြတ် ရွေးကောက်ပွဲကို ဒေသတွင်း အာဆီယံ နိုင်ငံတွေ ကြိုဆို

  • 2 ဧပြီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ဖနွမ်းပင်မှာ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ ဆုံပြီ

မြန်မာ ကြားဖြတ် ရွေးကောက်ပွဲ အပေါ် ဒေသတွင်း အာဆီယံနိုင်ငံတွေကလည်း ဝမ်းသာ ကြိုဆိုလိုက် တယ်လို့ သိရပါတယ်။

မဲမသာမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပေမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိတယ်လို့ အာဆီယံ စောင့်ကြည် လေ့လာသူတွေက ပြောပါတယ်။

အာဆီယံခေါင်းဆောင် ဆူရင်ပစ်စုဝမ်က ဒီရွေးကောက်ပွဲ ရလဒ်ဟာ မြန်မာနိုင်ငံကို ကမ္ဘာ့ အဖွဲ့အစည်းတွေနဲ့ ပြန်ပေါင်းစပ်ဖို့ ဖြစ်သင့်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကို ချောချော မွေ့မွေ့နဲ့ ကျင်းပနိုင်ခဲ့တာကို ဝမ်းသာကြောင်း ထိုင်းအစိုးရကလည်း ထုတ်ပြန် ကြေညာခဲ့ ပါတယ်။

ဒီရွေးကောက်ပွဲကို ရိုးသားပြီး စိတ်အားထက်သန်စွာ ကျင်းပေးခဲ့တဲ့ အတွက် ချီးကျူးကြောင်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ဌာနရဲ့ ထုတ်ပြန် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာ စောင့်ကြည့်သူတွေကို ဖိတ်ခေါ်ခဲ့တာဟာလည်း မြန်မာ အစိုးရမှာ ရွေးကောက်ပွဲတွေကို လွတ်လပ် မျှတအောင် ကျင်းပ ပေးချင်တဲ့ စိတ်ပိုင်းဖြတ်ချက် ရှိနေတာကို ပြနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးကို အားပေးဖို့ အတွက် ပိတ်ဆို့ အရေးယူမှု တွေကို ရုပ်သိမ်း ပေးတာ အပါအဝင် အဓိပ္ပါယ် ရှိတဲ့ တုန့်ပြန်မှုတွေ လုပ်ကြဖို့ ထိုင်းနိုင်ငံက တိုက်တွန်းထားပါတယ်။

တခြား အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးတွေ ကလည်း အခု ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြောင်းလဲမှုတွေ အတွက် အခွင့်အလမ်းတခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆီယံနိုင်ငံတွေဟာ ကမ္ဘောဒီးယားနိုင်ငံမှာ အာဆီယံထိပ်သီးဆွေးနွေးပွဲကို ကျင်းပနေတာ ဖြစ်ပေမယ့် ဒီဆွေးနွေးပွဲမှာ မြောက်ကိုးရီးယား နျူးကလီးယားကိစ္စကို ပဲ အဓိက ဆွေးနွေးမယ်လို့ သိရပါတယ်။