KNU ငြိမ်းချမ်းရေး စကားပြောဖို့ ရန်ကုန်သွား

  • 4 ဧပြီ 2012
knu
Image caption KNU ငြိမ်းချမ်းရေး အဖွဲ့ကို နော်စီဖိုးရာစိန် ဦးဆောင်

KNU ကရင် အမျိုးသား အစည်းအရုံး ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး အဖွဲ့ဟာ ဒီနေ့မှာ အစိုးရနဲ့ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးပြောဆိုဖို့ ရန်ကုန်ကို ဒုတိယ အကြိမ်မြောက် အဖြစ်သွားမှာဖြစ်ပါ တယ်။

ဒီအဖွဲ့ကို အဖွဲ့ရဲ့ အထွေထွေ အတွင်း ရေးမှုးချုပ် နော်စီဖိုးရာစိန် ခေါင်းဆောင်သွားမှာ ဖြစ်ပြီး သူ တို့ဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့လည်း တွေ့ဖို့ ရှိပါတယ်။

ဒီတခေါက် အစိုးရနဲ့ ဆွေးနွေးတဲ့ အခါ တိုင်းနဲ့ ပြည်နယ် အဆင့်နဲ့ ပြည်ထောင်စု အဆင့် နှစ်ခုလုံးကို ဆွေးနွေးမယ်လို့ ဘီဘီစီက သိရှိရပါတယ်။

KNU ရှိရာ ပဲခူးတိုင်းနဲ့ တနင်းသာရီ တိုင်းက သက်ဆိုင်ရာ အာဏာပိုင်တွေ တွေ့တဲ့အခါ အစိုးရနဲ့ ကေအင်ယူတို့ နယ်နမိတ် သတ်မှတ်ရေး၊ လက်နက် မပါဘဲ တပြည်လုံး လွတ်လွတ် လပ်လပ် သွားလာနိုင်ရေးနဲ့ ဆက်သွယ်ရေးရုံး ဖွင့်ရေး ကိစ္စတွေကို ဆွေးနွေးမယ်လို့ KNU က ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံထဲက ကရင် လူမှု အဖွဲ့အစည်းတွေ ဘာသာရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး အဖွဲ့တွေနဲ့လည်း တွေ့ဖို့ရှိပါတယ်။

ခုခရီးစဉ်ကနေ တဘက်နဲ့ တဘက် နားလည်မှု ရှိလာမယ်လို့ မျှော်လင့်ကြောင်း ကေအင်ယူ ပြောခွင့်ရာ တာဝန်ခံ ဖဒိုကွယ်ထူးဝင်းက ပြောပါတယ်။

အင်အယ်ဒီ ခုကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရတာဟာ လူမျိုးစု လက်နက်ကိုင်တွေ အတွက် တအား ဖြစ်တယ်လို့ ကရင် အမျိုးသား အစည်းအရုံးက ပြောပြခဲ့ပါတယ်။