ကြားဖြတ် အာရုံ စိုက်လွန်းမှု လှုပ်ရှားသူ သတိပေး

  • 4 ဧပြီ 2012
zoya
Image caption မြန်မာ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ဇိုရာဖန်း

ဧပြီ ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်း စုကြည် ပါတီ အောင်ပွဲခံခဲ့ပေမယ့် မြန်မာပြည် လွတ်မြောက်ပြီလို့ ပြောဖို့ မဖြစ်နိုင်သေးကြောင်း ယူကေ အခြေစိုက် Burma Campaign for UK အဖွဲ့က ဇိုရာဖန်းက ပြောလိုက်ပါတယ်။

ကြားဖြတ်ရဲ့ အရေးပါမှုဟာ အနှစ်သာရထက် အ ပြင်ပန်း အရေးပါမှုပဲ ရှိပေမယ့် ဒီရွေးကောက်ပွဲ ကို နိုင်ငံတကာက အာရုံစိုက်လွန်းနေတဲ့အတွက် တခြား လူ့အခွင့် အရေး ချိုးဖောက်မှုတွေ လစ် လျူရှု ခံရနိုင်တာကို ဇိုရာဖန်းက ယူကေထုတ် ဂါးဒီးယန်း သတင်းစာမှာ ဆောင်းပါး ရေး သားပြီး သတိ ပေးလိုက်ပါတယ်။

အန်အယ်ဒီက ဝင်ပြိုင်တဲ့ နေရာ အားလုံး နီးပါးမှာ အနိုင်ရခဲ့ပေမယ့် လွှတ်တော်ထဲမှာ သူတို့ ဟာ စုစုပေါင်း အမတ် အရေအတွက်ရဲ့ ငါးရာခိုင်နှုန်းပဲ ရထားပြီး ကြံ့ဖွံ့နဲ့ စစ်တပ်က ၈၀ ရာနှုန်းကျော် ယူထားပါတယ်။

လူတွေရဲ့ နိုင်ငံရေး စိတ်ဝင်စားမှု နိုးကြားလာတယ် ဆိုပေမယ့် စိန်ခေါ်မှုတွေ အများကြီး ကျန်သေးတယ်လို့ ပြောပါတယ်။

ဒါ့အပြင် နယ်စပ်ဒေသ လူမျိုးစုတွေနေထိုင်တဲ့ ဒေသတွေအထူးသဖြင့် ပြည်တွင်းစစ် ပြန်ဖြစ် နေတဲ့ ကချင် ပြည်နယ်မှာဆိုရင် အစိုးရသစ် ပေါ်လာပြီးနောက်မှာ အခြေအနေတွေဟာ ပို တောင် ဆိုးလာတယ်လို့ ပြောပါတယ်။

ဒါ့ကြောင့် ခုကြားဖြတ် ရွေးကောက်ပွဲကို ကြည့်ပြီး မြန်မာ နိုင်ငံက နိုင်ငံရေး တိုးတက်မှုကို အကဲဖြတ်မယ်ဆိုရင် မှားလိမ့်မယ်လို့ ဇိုရာဖန်းက သတိ ပေးလိုက်ပါတယ်။