ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရှုံးနိမ့်မှု ကိုသုံးသပ်

  • 4 ဧပြီ 2012
_htay_oo
Image caption ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး

ကြားဖြတ် ရွေးကောက်ပွဲ ၄၅ နေရာ စလုံးမှာ ကြံ့ခိုင်ရေး ပါတီ က ဝင်ပြိုင်ခဲ့ ပေမယ့် တနေရာပဲ အနိုင်ရခဲ့တဲ့ အပေါ်မှာ ပါတီခေါင်းဆောင် တွေက နေပြည်တော်မှာ ပြန်လည်သုံးသပ်တဲ့ အစည်းအဝေး ကို နေပြည်တော်မှာ ဧပြီလ ၃ ရက်နေ့ က ပြုလုပ်ခဲ့ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး က ရွေးကောက်ပွဲ ရလဒ် တွေ ထွက်လာတဲ့ အခါမှာ အံ့သြမိပေမယ့် စိုးရိမ်မှုတော့ မရှိဘူး လို့ ဘီဘီစီ ကို ပြောပါတယ်။ ရှုံးနိမ့်မှု ကို သုံးသပ်တဲ့ အခါမှာ ပါတီ ရဲ့ မူဝါဒ လမ်းစဉ် မခိုင်မာ တာရယ်၊ ပါတီ ကိုယ်စားလှယ်လောင်း တွေ ကိုယ်တိုင်က ပါတီ လမ်းစဉ် ကို နားလည်မှု ရှိမရှိ၊ လူထု အကျိုးပြု လုပ်ငန်းတွေ ကို ဘယ်လောက် လုပ်ကိုင်ခဲ့ သလည်း ဆိုတဲ့ အချက်တွေ နဲ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှု အပိုင်းမှာ အားနည်းရင်လည်း ရှုံးနိုင်ပုံ ကို ဦးဌေးဦး က ရှင်းပြပါတယ်။

အနာဂတ် ရွေးကောက်ပွဲတွေ အတွက် ပြင်ဆင်ရာမှာ အထက်ပါ အချက်တွေ ကို လေ့လာပြင်ဆင်မယ့် အကြောင်း၊ ပါတီစုံ ဒီမိုကရေစီ လမ်းစဉ် ကိုပဲ ဆက်လျှောက်မယ့် အကြောင်း တွေလည်း ဘီဘီစီ ကို ပြောပြပါတယ်။

NLD ပါတီ အပေါ် ဘယ်လိုသဘောထား သလည်း ဆိုတဲ့ မေးခွန်းကိုတော့ ဦးဌေးဦး က ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ခေါင်းဆောင်တွေ အနေနဲ့ တိုင်းပြည်ဖွံ့ဖြိုးရေး အပိုင်းမှာ ဘယ်ပါတီ နဲ့ မဆို၊ ဘယ်တိုင်းရင်းသား အဖွဲ့နဲ့ မဆို၊ ပူးပေါင်းဖို့ အသင့် ရှိကြောင်း ဘီဘီစီ ကို ပြောပါတယ်။