KIA လူမျိုးခွဲ ဆက်ကြေးတောင်းလား

  • 6 ဧပြီ 2012
kia ဓာတ်ပုံ မူပိုင် HRW
Image caption ဆက်ကြေး မပေးလို့ မရဆို

ကချင် ပြည်နယ် ဝိုင်းမော် မြို့နယ်မှာ KIA တပ်တွေက ကချင် မဟုတ်တဲ့ ဒေသခံ တွေဆီက တအိမ် ကျပ် နှစ်သောင်း ဆက်ကြေးတောင်း နေတယ် ဆိုတဲ့ သတင်း ဖြစ်နေပါတယ်။

ရွာခံ တယောက်ကို ဆက်သွယ် မေးကြည့်တော့ ရွာလူကြီးကို လာကောက်ခိုင်းကြောင်း၊ မပေးလို့လည်း မရကြောင်း ပြောဆိုပါတယ်။

KIA တွဲဘက် အတွင်းရေးမှူး ဦးလနန်ကို မေးကြည့်တော့ သူတို့ မသိကြောင်း၊ ဒီလို လုပ်ဖို့လည်း ညွှန်ကြား မထားကြောင်း၊ စည်းမျဉ်း စည်းကမ်းနဲ့လည်း မညီကြောင်း၊ ကြားက ဘယ်သူတွေ ဝင်ကောက်နေတယ် ဆိုတာ အောက်ခြေကို မေးမြန်း ကြည့်ရမယ်၊ KIA နဲ့ ပတ်သက်သူတွေ ပါနေရင် အရေးယူ ရမယ်လို့ ဖြေကြား ခဲ့ပါတယ်။