ဒေါ်အောင်ဆန်းစုကြည်နဲ့ KNU ခေါင်းဆောင်တွေ တွေ့ဆုံ

  • 8 ဧပြီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption KNU နဲ့ တွေ့ဆုံမှုကို အင်မတန်မှ အားရကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကရင် အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင် တွေနဲ့ တက္ကသိုလ် ရိပ်သာလမ်းက သူ့နေအိမ်မှာ တနင်္ဂနွေနေ့ မနက်က လက်ခံ တွေ့ဆုံပြီး ငြိမ်းချမ်းရေး ရရှိရေးအတွက် နှစ်ဘက်အမြင် တွေ ဖလှယ်ခဲ့ကြပါတယ်။

နှစ်ဘက်ဆွေးနွေးမှုတွေ အပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာမှာ KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ဆွေးနွေးပွဲမှာ KNU ရဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်မှု လုပ်ငန်းစဉ် အကြောင်း၊ ကရင် တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်နဲ့ နောက်ထပ်ဘာတွေ ဆက်လုပ်ကြမလဲဆိုတာကို ဆွေးနွေးခဲ့တာလို့ သတင်းထောက်တွေကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း NLD အနေနဲ့ KNU နဲ့ သာမက ငြိမ်းချမ်းရေး ရဖို့ အခြား အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံမှာဖြစ်ကြောင်း၊ အစိုးရနဲ့ တိုင်းရင်းသား အကြားမှာ သာမက တပြည်လုံး သံသယပေျာက်ရေးကိုလည်း ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

KNU ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးခေါင်းဆောင်တွေဟာ စနေနေ့ကလည်း သမ္မတ ဦးသိန်းစိန် နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။