နောက်ဆုံး ရေးသားချိန် 9 ဧပြီလ 2012 - 13:24 GMT

ဆီးရီးယား က တူရကီ နယ်စပ်ကို ကျော်ပြီး ပစ်ခတ်

Syria

နိုင်ငံတကာ ငြိမ်းချမ်းရေး အစီအစဉ် အရ မြို့ပေါ်က ဆီးရီးယား တပ်တွေကို ဆုတ်ပေး ရမှာပါ

နိုင်ငံတကာ ငြိမ်းချမ်းရေး အစီအစဉ်အရ ဆီးရီးယား လုံခြုံရေး တပ်ဖွဲ့တွေ ကို မြို့တွေပေါ်က ဆုတ်ခွာ ပေးရမယ့် အချိန် နီးလားဆဲ မှာဘဲ ဆီးရီးယား အစိုးရ တပ်တွေက တူရကီ နယ်စပ်ကို ဖြတ်ကျော်ပြီး ဒုက္ခသည် စခန်း တခုကို ပစ်ခတ် တိုက်ခိုက် ခဲ့တဲ့အတွက် လူသုံးဉီး ဒဏ်ရာ ရသွားပါတယ်။

ဒဏ်ရာ ရသူ တွေထဲမှာ တူရကီ ဘာသာပြန် တဉီးလည်း ပါဝင်ပါတယ်။

တူရကီ နိုင်ငံခြားရေး ဝန်ကြီး ဌာနက ဆီးရီးယား သံရုံး ယာယီ တာဝန်ခံ ကို ဆင့်ခေါ် ပြီး နယ်စပ် ဖြတ်ကျော် ပစ်ခတ်မှု တွေကို ရပ်ဆိုင်းဖို့ တောင်းဆို ခဲ့ပါတယ်။

ဆီးရီးယား နိုင်ငံ ထဲမှာ ဖြစ်ပေါ် နေတဲ့ အကြမ်းဖက်မှု တွေကြောင့် တူရကီ ဖက်ကို ထွက်ပြေး လာတဲ့ ဒုက္ခသည် စုစုပေါင်း နှစ်သောင်းခွဲ ရှိပါတယ်။

နိုင်ငံတကာ ငြိမ်းချမ်းရေး အစီအစဉ် အရ ဆီးရီးယားတပ်ဖွဲ့ တွေကို အင်္ဂါနေ့မှာနောက်ဆုံးထားပြီး မြို့တွေပေါ်ကနေ ဆုတ်ခွာပေးရမှာ ဖြစ်ပါတယ်။

ဒီအတောအတွင်း တရုတ်နိုင်ငံက နိုင်ငံတကာ ငြိမ်းချမ်းရေး အစီအစဉ် မှာ ပါဝင်တဲ့ အချက် တွေကို လိုက်နာ ကြဖို့ ဆီးရီးယား အစိုးရ ကိုရော အတိုက်အခံ တွေကိုပါ တိုက်တွန်း လိုက်ပါတယ်။

ဒါပေမယ့် အတိုက်အခံ တွေ အနေနဲ့ တိုက်ခိုက် မှုတွေ ရပ်ဆိုင်းပြီး လက်နက် စွန့်လွှတ် ကြောင်း စာနဲ့ ရေးသားပြီး အာမခံချက် အရင်ပေး ရမယ်လို့ ဒမတ်စကတ် အစိုးရ ဖက်က တောင်းဆို ထားတာ ကြောင့် ဒီ ငြိမ်းချမ်းရေး အစီအစဉ် အောင်မြင် ဖို့မှာ မရေရာ မှုတွေ ဖြစ်ပေါ် နေပါတယ်။

တရုတ် အစိုးရရဲ့ ကြေညာချက် ထွက်လာချိန်ဟာ ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး Walid al-Muallem ရုရှ နိုင်ငံဆီ သွား ရောက်မယ့် အချိန် နဲ့လည်း တိုက်ဆိုင် နေပါတယ်။

ရုရှနဲ့ တရုတ် နိုင်ငံတို့ဟာ ဆီးရီးယားမှာ တနှစ်ကျော်ကြာ ဖြစ်ပွားနေတဲ့ တိုက်ခိုက် မှုတွေ အတွင်း ဆီးရီးယား အစိုးရ အပေါ်အခိုင်အမာ ထောက်ခံမှု ပေးနေတာ ဖြစ်ပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။