ယီမင် တိုက်ခိုက်မှု လူ ၂၀ ကျော် သေဆုံး

  • 9 ဧပြီ 2012
abyan ဓာတ်ပုံ မူပိုင် Reuters
Image caption ယီမင် တောင်ပိုင်း Abyan ပြည်နယ်မှာ အယ်လ် ခိုင်းဒါး တွေရဲ့ လှုပ်ရှားမှု ရှိနေပါတယ်

ယီမင် နိုင်ငံမှာ စစ်တပ် စခန်း တခုကို အယ်လ်ခိုင်းဒါး လို့ ယူဆ ရသူ တွေရဲ့ တိုက်ခိုက် မှုကြောင့် စစ်သား ငါးဉီး အပါ အဝင် အနည်းဆုံး လူ ၂၃ ဉီး သေဆုံး သွားတယ် လို့ ယီမင် စစ်တပ်က ပြောပါတယ်။

ယီမင် နိုင်ငံ တောင်ပိုင်း Abyan ပြည်နယ် ထဲက Lawdar မြို့မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ အတွင်း အယ်လ်ခိုင်းဒါး တိုက်ခိုက်ရေး သမား ၁၅ ဉီး သေဆုံး ခဲ့တယ်လို့ ဆိုပါတယ်။

Lawdar မြို့ အပြင်မှာ ရှိတဲ့ စစ်တပ် စခန်း တခုကို တနင်္လာနေ့ မနက် စောစောပိုင်း မှာ စတင် တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။

သမ္မတ Ali Abdulah Saleh က သူ့ရဲ့ လက်ထောက်ကို အာဏာ လွှဲပေး ခဲ့ရတဲ့ နိုင်ငံရေး ပဋိပက္ခ တွေ ဖြစ်ခဲ့စဉ် အတွင်း အယ်လ်ခိုင်းဒါး အဖွဲ့က အဲဒီ ဒေသမှာ ရှိတဲ့ နယ်မြေ အမြောက် အများကို သိမ်းပိုက် ထားတာ ဖြစ်ပါတယ်။