တောင်ဥက္ကလာ ဟေမဝန်ဈေးကြီး မီးလောင်

ဓာတ်ပုံ မူပိုင် AFP Getty
Image caption ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကလည်း ကူးတို့ဆိပ် မေတ္တာမွန် သိုလှောင်ရုံမီးလောင် ပေါက်ကွဲခဲ့

ရန်ကုန်တိုင်း ဒေသကြီး တောင်ဥက္ကလာပ မြို့နယ်(၁၀)ရပ်ကွက် ဟေမဝန်ဈေကြီးမှာ အင်္ဂါနေ့ မနက် (၁)နာရီ ကျော်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ ဆိုင်ခန်းပေါင်း (၈၉၃) ဆိုင် မီးလောင် ဆုံးရှုံးသွားခဲ့ပါတယ်။

၁၉၇၀ခုနှစ် လောက်ကတည်းက မှောင်ခိုဈေး အဖြစ် နာမည်ကျော်ခဲ့တဲ့ (၁၀) ရပ်ကွက် ဟေမဝန်စျေးကြီး မီးလောင်ခဲ့တာဟာ ညစောင့်ရဲ့ ပေါ့ဆမီးကြောင့် လောင်ခဲ့တာဖြစ်ပြီး၊ မနက် ၂ နာရီ ၅၅ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဆုံးရှုံးမှု အခြေနေတွေကတော့၊ ပစ္စည်းတန်ဖိုးငွေ ကျပ် ၃၉၃ သိန်း၊ ဆိုင်ခန်း တန်ဖိုးငွေ ကျပ် သိန်း ၂၂၀ ဖြစ်ကြောင်း မီးသတ်ဌာန ဌာနမှူးက စီရင်ခံစာပါ အချက်လက်တိုင်း ဘီဘီစီကို ရှင်းပြပါတယ်။

ဈေးဆိုင်ပိုင်ရှင်တဦးကတော့ မီးလောင် ဆုံးရှုံးမှုတန်ဖိုးဟာ သိန်းထောင်ချီတယ်လို့ ပြောပါ တယ်။

မီးလောင်မှုဖြစ်ပွားချိန်မှာ တိုင်းမီးသတ်ကား(၄၃) စီး၊ အပို အကူယာဉ်(၁၄)စီး၊ မီးသတ် ဝန်ထမ်း(၃၀ဝ)ကျော်နဲ့ ကြက်ခြေနီ တပ်ဖွဲ့အင်အား(၁၀ဝ) ကျော်တို့ မီးငြှိမ်းသတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဈေးညစောင့် ကျော်ဇင်ဦး ခြင်ဆေးခွေထွန်းပြီး အိပ်ရာကနေ လောင်ကျွမ်းခဲ့တာ ဖြစ်တဲ့အတွက် သူ့ကိုတော့ ပုဒ်မ(၂၈၅) နဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။