အမေရိကန်အမတ် ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်

  • 11 ဧပြီ 2012
ဓာတ်ပုံ မူပိုင် AP
Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် တို့ကို အသိအမှတ်ပြုကြောင်း ပြောကြား

မြန်မာနိုင်ငံမှာ တတိယအကြိမ် အဖြစ် ရောက်ရှိ နေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် Jim Webb ဟာ သူ့ခရီးစဉ် မပြီးဆုံးမီ ရန်ကုန် မြို့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

မစ္စတာ Jim Webb က ရွေးကောက်ပွဲရလဒ်တွေ အပါအဝင် မြန်မာနိုင်ငံမှာ သမိုင်းဝင် အပြောင်း အလဲတွေ ဖြစ်ပေါ်မှုအတွက် ဝမ်းသာကြိုဆို ကြောင်း သတင်းထောက်တွေကို ပြောကြားသွား ပါတယ်။

အဓိကအားဖြင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် ကြိုးပမ်းတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ကို အသိအမှတ်ပြုရမှာ ဖြစ်ကြောင်း ဖေါ်ပြပြောဆိုသွားပါတယ်။

မြန်မာအပေါ် ပိတ်ဆို့မှုတွေ ဘယ်တော့ ရုပ်သိမ်းနိုင်မလဲ ဆိုတဲ့ မေးခွန်းကိုတော့ သူအမေရိကန် ပြန်ရောက်ရင် သက်ဆိုင်ရာ ကော်မတီတွေမှာ ဆွေးနွေးပြီး တိုးတက်မှု တဆင့်ချင်းစီ အတွက် တုံ့ပြန်ဆောင်ရွက် သွားမယ်လို့ ဖြေကြားသွားခဲ့ပါတယ်။