ဆီးရီးယားမှာ တိုက်ပွဲ ပြန်ဖြစ်

  • 13 ဧပြီ 2012
Syria ဓာတ်ပုံ မူပိုင် bbc
Image caption ကြာသပတေး နေ့ကမှ နှစ်ဖက် အပစ်ရပ် ထားတာပါ

ဆီးရီးယား နိုင်ငံ အနောက် မြောက်ပိုင်း မှာ အစိုးရ တပ်ဖွဲ့ တွေနဲ့ သူပုန်တွေ တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး ဒါဟာ ကုလ သမဂ္ဂ ကျောထောက် နောက်ခံနဲ့ သဘောတူ ထားတဲ့ အပစ်အခတ် ရပ်စဲမှုကို သိသိ သာသာ ချိုးဖောက်တဲ့ ပထမဆုံး အဖြစ် အပျက် ဖြစ်ပါတယ်။

တူရကီ နိုင်ငံနဲ့ နယ်စပ်မှာ ရှိတဲ့ Khirbet al-Joz မှာ တိုက်ပွဲ ဖြစ်ပွား ခဲ့တာလို့ နိုင်ငံရေး တက်ကြွ လှုပ်ရှားတဲ့ အဖွဲ့အစည်း တခုက ဆိုပါတယ်။

အပစ် အခတ် ရပ်စဲ လိုက်တဲ့ ပထမ နေ့မှာတော့ အကြမ်းဖက် မှုတွေ လျော့ကျ သွားခဲ့ပြီး၊ နှစ်ဖက် စလုံးက တဖက်နဲ့ တဖက် အပြန်အလှန် စွပ်စွဲမှု တွေတော့ ရှိခဲ့ ပါတယ်။

လူ ၂၀ လောက် အထိ သေဆုံး ခဲ့တယ် လို့လည်း အတိုက်အခံ လှုပ်ရှား သူတွေ ဖက်က ပြောပါတယ်။ Hama မြို့မှာ အစိုးရ တပ်က ဆန္ဒပြ နေတဲ့ နေရာ နှစ်ခုကို ပစ်ခတ် ခဲ့တယ်လို့ သူတို့က ဆိုပါတယ်။

နိုင်ငံ အရှေ့ပိုင်းမှာ ရှိတဲ့ Deir al-Zour မြို့မှာလည်း လပေါင်း အတော်ကြာ ကာလ အတွင်း ပထမဆုံး အကြိမ်အဖြစ် လူတွေ ထောင်နဲ့ချီ လမ်းပေါ် ထွက်လာပြီး ညလုံးပေါက် ဆန္ဒပြ ခဲ့ကြ ပါတယ်။