KIA တပ်ဖွဲ့ဝင်တချို့ အစိုးရစစ်တပ်ထံ လက်နက်ချ

  • 17 ဧပြီ 2012
ဓာတ်ပုံ မူပိုင် bbc
Image caption AK 47 သေနတ်တွေအပါအဝင် လက်နက် ၂၃ လက်နဲ့ ခလရ ၂၇ ထံ လက်နက်ချ

ကချင် လွတ်မြောက်ရေး တပ်ဖွဲ့KIA ရဲ့ တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း တစ်ခုက တပ်သား ၄၀ ကျော်ဟာ မြစ်ကြီးနားမြို့နယ် တာလောကြီးရွာမှာ ယာယီ အခြေစိုက်နေတဲ့ အစိုးရ စစ်တပ် ခလရ ၃၇ တပ်ရင်းထံ လက်နက် ၂၃ လက်နဲ့ လက်နက် လာချ တယ်လို့ သိရ ပါတယ်။

AK 47 သေနတ်တွေအပါအဝင် လက်နက်တွေနဲ့ ခလရ ၃၇ ထံ လာရောက် လက်နက်ချတာ ဖြစ်ကြောင်း တာလောကြီးရွာခံတဦးက သူကိုယ်တိုင် တွေ့ခဲ့ရတာကို ဘီဘီစီကို ပြောပြပါတယ်။

လက်ချက်ချရတဲ့အကြောင်းကတော့ KIA တပ်အတွင်း သဘောထားချင်း မတိုက်ဆိုင်မှုတွေ ရှိခဲ့တာကြောင့် ဖြစ်တယ်လို့ အဲဒီဒေခံက ဆိုပါတယ်။

အခုလို လက်နက်လာချတာကို အစိုးရ စစ်တပ်နဲ့ လူထုက တခဲနက်ကြိုဆိုခဲ့တယ်လို့ သိရပြီး၊ လောလောဆယ်မှာတော့ လက်နက်လာချတဲ့ KIA တပ်ဖွဲ့ဝင်တွေကို အဲဒီ တလောကြီး ခလရ ၃၇ မှာပဲ ထားထားကြောင်း သိရပါတယ်။

ဒီ KIA စစ်သားတွေဟာ တာလောကြီးရွာ လယ်လုပ်ငန်းတွေကနေ KIA စစ်သားအဖြစ် စုစောင်းခံခဲ့ကြသူတွေ ဖြစ်တယ်လို့လည်း အဲဒီဒေသခံက ပြောပါတယ်။