ပိတ်ဆို့မှုတချို့ အမေရိကန် ရုပ်သိမ်း

  • 18 ဧပြီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားမှု အတော် များများ ကို အမေရိကန်က လျှော့ပေးလိုက်

မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေကို အသိအမှတ် ပြုတဲ့အနေနဲ့ အမေရိကန် အစိုးရက မြန်မာနိုင်ငံ အပေါ် ထားရှိတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတချို့ကို လျှော့ချ ပေးလိုက်ပါတယ်။

အစိုးရ မဟုတ်တဲ့ အမေရိကန် NGO အဖွဲ့တွေကို လူသားချင်း စာနာတဲ့ လူမှုရေး လုပ်ငန်းတွေ အခုအခါ မြန်မာနိုင်ငံထဲမှာ သွားရောက် လုပ်ခွင့် ပေးမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန က ပြောပါတယ်။

သြစတြေးလျနိုင်ငံကလည်း မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အစိုးရ ထိပ်ပိုင်းက တခြား ခေါင်းဆောင်တွေ အပေါ် ငွေကြေးဆိုင်ရာနဲ့ ခရီးသွားလာ ခွင့် ပိတ်ပင်ထားတာကို ပြန်ရုပ်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။

တခါ ဗြိတိန် ဝန်ကြီးချုပ် David Cameron ကလည်း မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ဒဏ်ခတ် ပိတ်ဆို့မှု အများစုကို ဆိုင်းငံ့ထားရေးနဲ့ ပတ်သက်လို့ သူထောက်ခံကြောင်း ပြောပါတယ်။

EU ဥရောပ သမဂ္ဂကလည်း မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြန်ရုတ်သိမ်းရေး ကိစ္စနဲ့ ပတ်သက်လို့ အခုလ နှောင်းပိုင်းမှာ ဆုံးဖြတ်မယ်လို့ ယူဆရပါတယ်။