ဗကသ အိုးဝေ မဂ္ဂဇင်း မထုတ်ဖို့ သတိပေးခံရ

  • 19 ဧပြီ 2012
kyaw ko ဓာတ်ပုံ မူပိုင် bbc
Image caption ဗကသ ဗဟို စည်းရုံးရေး ကော်မတီ ဥက္ကဌ ကိုကျော်ကိုကို

အသစ် ပြန်ဖွဲ့လိုက်တဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်ရဲ့ အိုး ဝေ မဂ္ဂဇင်းကို စီစစ်ရေး မတင်ဘဲ မထုတ်ဖို့ ၁၉၆၂ ပုံနှိပ် အက်ဥပဒေကို ကိုးကားပြီး စီစစ်ရေး ဒုညွှန်ချုပ် သတိပေးလိုက် ပါတယ်။

လောလောဆယ် မီဒီယာ ဥပဒေ မထွက်သေးတဲ့ အတွက် ပုံနှိပ် ထုတ်ဝေခြင်းနဲ့ ပတ်သက်ပြီး ၁၉၆၂ က ထုတ်ထားတဲ့ ဥပဒေဘောင်ထဲကပဲ လောလောဆယ် လုပ်ဖို့ သတိပေးခဲ့တယ်လို့ အိုးဝေ မဂ္ဂဇင်း တာဝန်ခံ ကိုကျော်ကိုကိုက ဘီဘီစီကို ပြောပြပါတယ်။

အိုးဝေးမဂ္ဂဇင်း အတွဲသစ်ကို မကြာခင်ကထုတ်ဝေခဲ့ပြီး နောက်တတွဲထပ်ထုတ်ဖို့ စီစဉ်နေ တုန်းမှာ စာပေ စိစစ်ရေး ဒုညွှန်ချုပ်က မဂ္ဂဇင်း တာဝန်ခံတွေ ဖြစ်တဲ့ ဗကသများ အဖွဲ့ချုပ် ဗဟို စည်းရုံးရေး ကော်မတီ ဥက္ကဌ ကိုကျော်ကိုကိုနဲ့ အိုးဝေ မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ ကိုရှိန်း ရာဇာထွန်းတို့ကို ခေါ်ယူ တွေ့ဆုံပြီး သတိ ပေးခဲ့ပါတယ်။

လောလောဆယ် ထုတ်ဝေလိုက်တဲ့ မဂ္ဂဇင်းမှာ ဗကသ ဥက္ကဌဟောင်း မင်းကိုနိုင်ရဲ့ ကဗျာ တပုဒ်၊ ဗကသ သမိုင်း၊ လက်ရှိ ဗကသကို ပြန်လည် ဖွဲ့စည်းထားတဲ့ အခြေအနေ၊ ဗကသ မူဝါဒတွေကို အဓိက ဖော်ပြ ထားပါတယ်။

မဂ္ဂဇင်းကို အွန်လိုင်း မဂ္ဂဇင်း အဖြစ် ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။