CRPPဟောင်းတွေ ဒုတိယမ္ပိ ညွန့်ပေါင်းဖွဲ့

  • 18 ဧပြီ 2012
CRPP
Image caption CRPP ကနဦး အဖွဲ့ဝင်များ

NLD နဲ့ တိုင်းရင်းသား ပါတီတွေ ပေါင်းပြီး အရင် CRPP အဖွဲ့ဝင်ဟောင်းတွေ ပါတဲ့ အရင် CRPP ပုံစံ ညွန့်ပေါင်း အဖွဲ့တခု ပြန်ဖွဲ့ဖို့ ဒေါ်အောင်ဆန်း စုကြည်နဲ့ တိုင်း ရင်းသား အဖွဲ့အစည်းတွေက ခေါင်း ဆောင်တွေ ဆွေးနွေး ခဲ့ပါတယ်။

CRPP အစား တခြား နံမယ်သစ် တခုနဲ့ ဆက် ရပ်တည်ဖို့ ရည်ရွယ်ချက်တွေကို ပြောင်းဖို့ CRPP နောက်ဆုံး အစည်းအဝေးမှာ ဆွေး နွေးခဲ့ကြတာကို အခြေခံပြီး မနေ့က တွေ့ဆုံမှုမှာ ဆက်လက် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

CRPP ခေါ် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ ဆိုတာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော် အမတ်တွေကို လွှတ်တော် ဖွဲ့စည်းခွင့် မပြုတဲ့အတွက် ဒီမိုကရေစီ နည်းကျ ဖွဲ့စည်းထားတဲ့ လွှတ်တော် တခု ပေါ်လာအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၁၉၉၈ မှာ ကိုးဆယ် ရွေးကောက်ခံ အမတ်တွေတွေနဲ့ ဖွဲ့ခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အတည် ဖြစ်သွားပြီးနောက်မှာ ကိုးဆယ် ရွေးကောက်ပွဲရလာဒ် ကို ၂၀၁၀ မှာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ လက်မှတ်နဲ့ ဖျက်ပစ်လိုက်သလို ဒေါ်အောင်ဆန်းစု ကြည် ကိုယ်တိုင်က ၉၀ ရွေးကောက်ပွဲ ရလာဒ် အရ လွှတ်တော် ခေါ်ပေးဖို့ ကိစ္စဟာ လက် တွေ့မကျဘူးလို့ ပြောခဲ့သလို ဗိုလ်သန်းရွှေ အစိုးရ ၉၀ ရလဒ်ကို ဖျက်ပစ်တာကို လက်ခံ နိုင်လောက်တဲ့ အခြေအနေလို့ ပြောဆိုခဲ့ပြီးနောက် CRPP လည်း အလိုလို ပျက်ပြယ် သွားပါတယ်။

မနေ့က အစည်းအဝေးဟာ ပျက်သွားတဲ့ စီအာပီပီဟောင်းတွေက ညွန့်ပေါင်း တခု ပြန်ဖွဲ့ဖို့ ဒုတိယမ္ပိ ကြိုးစားမှု ဖြစ်ပါတယ်။

နောက်တပတ် စည်းဝေးပွဲကျရင် ညွန့်ပေါင်း အဖွဲ့ အတွက် နံမယ်သစ် တခုကို သဘော တူနိုင်ဖွယ် ရှိတယ်လို့ စီအာပီပီ ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးအေးသာအောင်က ဘီဘီစီကို ပြောပြပါတယ်။

နာမည်သစ်ကို သဘော မတူနိုင်သေးပေမယ့် အဖွဲ့ဝင်တွေ အဖြစ် အန်အယ်လ်ဒီနဲ့ တိုင်းရင်းသား ပါတီတွေ ပါဝင်မှာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့၊ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ဖို့၊ ပြည်တွင်းစစ် ရပ်စဲဖို့၊ ဒီမိုကရေစီ ဖော်ဆောင်ဖို့ စတဲ့ ရည်ရွယ်ချက်တွေကို လွှတ်တော်ထဲကရော၊ အပြင်ကပါ ကြိုးစားသွားမယ်လို့ ဦးအေးသာအောင်က ပြောပါတယ်။

လွှတ်တော် အပြင်ဘက်ကနေ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ ကြိုးစားမှု မှန်သမျှကို လွှတ်တော်ပ နိုင်ငံရေး အဖြစ် သဘောထားတယ်လို့ အရင် စီအာပီပီ ခေါင်းဆောင်တဉီးဖြစ်တဲ့ ဦးအေး သာအောင်က ဘီဘီစီကို ပြောပြပါတယ်။