မြန်မာ့ ငွေကြေးနဲ့ ဘဏ္ဍာရေးလုပ်ငန်း တွေကို အမေရိကန် ကူညီမယ်

  • 20 ဧပြီ 2012
ဓာတ်ပုံ မူပိုင် AP
Image caption မြန်မာပြည်ကို စီးပွားရေး ပိတ်ဆို့ထားတာ ပြန်ဖွင့်ပေးမယ်လို့ ပြောခဲ့တဲ့ ဟီလာရီ ကလင်တန်

မြန်မာနိုင်ငံက ဒီမိုကရေစီ ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုတွေကို အားပေးထောက်ခံတဲ့ အနေနဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှု တွေ ကို ပြန်ဖွင့်ပေးဖို့ အမေရိကန် အစိုးရ က ပြန်လည် စဉ်းစားနေရာမှာ အမေရိကန် ကုမ္ပဏီတွေ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံ မှု လုပ်ဆောင်တာ ကို ပြန်ဖွင့်ပေးဖို့ နဲ့ မြန်မာပြည်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်း တွေ ကို အကူအညီပေးဖို့ ကိစ္စတွေကို ပထမဉီးစားပေး စဉ်းစား ဆောင်ရွက် သွားလိမ့်မယ်လို့ အမေရိကန် ထိပ်တန်း အရာရှိတယောက် က ပြောကြောင်း ရိုက်တာ သတင်း ထဲမှာ ရေးသား ထား ပါတယ်။

အခုလ အစောပိုင်းတုန်းက မြန်မာ အပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ စတင် ဖယ်ရှား ပေးတော့မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ကတိပြု ပြောခဲ့ ပြီးနောက်ပိုင်း အခုတော့ အရေးယူမှု တွေနဲ့ ပတ်သက်ပြီး နောက်ဆုံးအဆင့် ပြန်လည် သုံးသပ်မှုတွေ လုပ်နေပါပြီလို့ အဲဒီ အရာရှိက ပြောပါတယ်။

လာမယ့် သီတင်းပတ် တွေ အတွင်း အဖြေ တိတိကျကျ ထွက်လာတော့မယ့် အကြောင်း လည်း အဆိုပါ အရာရှိ က ပြောပါတယ်။