သမ္မတဉီးသိန်းစိန် ဂျပန် ကိုရောက်ရှိ

  • 20 ဧပြီ 2012
U Thein Sein ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတ ဉီးသိန်းစိန် ဟာ ဂျပန် မဲခေါင် အစည်းဝေး တက်ဖို့ တိုကျို မြို့မှာ ရောက်ရှိ နေတာပါ

မြန်မာ သမ္မတ ဉီးသိန်းစိန် ဟာ ဂျပန် နိုင်ငံကို ရောက်ရှိ နေပြီး မြန်မာ နိုင်ငံမှာ နိုင်ငံရေး စီးပွားရေး ပြုပြင် ပြောင်းလဲမှု တွေ ဆောင်ရွက် နေပြီ ဖြစ်တဲ့ အတွက် ဂျပန် နိုင်ငံက ရင်းနှီး မြှုပ်နှံ မှုတွေ လာရောက် ကြပါလို့ ဖိတ်ခေါ် လိုက်ပါတယ်။

ဂျပန် မဲခေါင် ထိပ်သီး ညီလာခံ မတိုင်ခင် ပြောကြားတဲ့ မိန့်ခွန်း တခုမှာ သမ္မတ ဉီးသိန်းစိန် က ခုလို ဆိုခဲ့ တာပါ။

ဂျပန် နိုင်ငံ ဟာ မြန်မာရဲ့ အကြီးဆုံး မြီရှင် နိုင်ငံ ဖြစ်ပြီး သမ္မတ ဉီးသိန်းစိန် ဟာ ၂၈ နှစ် အတွင်း ပထမဆုံး ဂျပန်ကို သွားရောက် တဲ့ မြန်မာ ခေါင်းဆောင် ဖြစ် ပါတယ်။

အခုအခါ ဂျပန် နိုင်ငံက မြန်မာ နိုင်ငံကို နိုင်ငံရပ်ခြား ဖွံ့ဖြိုးမှု ဆိုင်ရာ အကူအညီ (ODA) ပြန်ပေးဖို့အတွက် ဒီခရီးစဉ် အတွင်း နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဆွေးနွေး ကြမှာ ဖြစ်တယ်လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရှိသူက ဘီဘီစီ ကိုပြောပါတယ်။

မြန်မာ နိုင်ငံဟာ ဂျပန်နိုင်ငံအပေါ် ဒေါ်လာသန်း ၃.၃ ဘီလျံကျော် အကြွေးတင် နေတာနဲ့ ပတ်သက်ပြီးလည်း ဂျပန် နိုင်ငံဖက်က ဒီအကြွေး တွေကို လျှော်ပစ် နိုင်တယ် လို့ သတင်းတွေ ထွက်နေပြီး သမ္မတ ဉီးသိန်းစိန် နဲ့ ဂျပန် ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါ တို့ ဆွေးနွေးပြီး တဲ့ အခါ ဒါနဲ့ပတ်သက်တဲ့ ဆုံးဖြတ် ချက်ကို ပူးတွဲ ကြေညာ ချက် ထဲမှာ ဖော်ပြ နိုင်တယ်လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့် ရသူက ဆိုခဲ့ ပါတယ်။

သူ့ ခရီးစဉ် ဟာ မြန်မာ နိုင်ငံကို ကမ္ဘာက ဆယ်စုနှစ် အတော် များများ အဆက်ဖြတ် ထားရာ ကနေ အခုတော့ ပြန်ပြီး ကြိုဆို လက်ခံ လာတဲ့ လက္ခဏာ တခု ဖြစ်တယ်လို့ တိုကျိုမြို့ မှာ အခြေ စိုက်တဲ့ ဘီဘီစီ သတင်းထောက် က ပြောပါ တယ်။