အရှေ့ ဥရောပ မှာ တရုတ် ပိုမြှုပ်နှံချင်

  • 27 ဧပြီ 2012
wen ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန် ဒေါ်လာ သန်းပေါင်း တသောင်းထိ ချေးမယ်

တရုတ် နိုင်ငံက ဥရောပ အလယ်ပိုင်းနဲ့ အရှေ့ပိုင်း နိုင်ငံတွေနဲ့ ကုန်သွယ်ရေး တိုးချဲ့ ဖို့ အတွက် ချေးငွေနဲ့ ရင်းနှီး မြှုပ်နှံမှုတွေ ကမ်းလှမ်း ခဲ့ပါတယ်။

အကျိုးတူ စီမံကိန်း တွေအတွက် အမေရိကန် ဒေါ်လာ သန်းပေါင်း တသောင်းထိ ချေးငွေကို တရုတ် ဝန်ကြီးချုပ် ဝမ်ကြားပေါင်က ကမ်းလှမ်း ခဲ့တာပါ။

တရုတ် အစိုးရ အနေနဲ့ ရင်းနှီး မြှုပ်နှံမှု ရန်ပုံငွေ မတည်ပေးမှာ ဖြစ်ပြီး အခြေခံ လမ်းပန်း အဆောက်အအုံတွေ၊ နည်းပညာသစ် တွေနဲ့ သဘာဝ စွမ်းအင် ကိစ္စ တွေမှာ အခွင့်အလမ်း ရှာဖွေ သွားမယ်လို့ ဥရောပ ခရီးစဉ် အတွင်း ပိုလန်ကို ရောက်နေ ချိန်မှာ မစ္စတာ ဝမ်က ပြောကြား ခဲ့ပါတယ်။

ဒေသတွင်း ပို့ကုန် တိုးမြှင့်ရေး အတွက် မျှော်လင့်ကြောင်း လည်း ပြောကြား ခဲ့ပါတယ်။