လယ်ယာစိုက်ပျိုးရေးဝန်ကြီးက လွှတ်တော်အမတ်တွေကိုတောင်းပန်

  • 1 မေ 2012
လွှတ်တော်အစည်းအဝေးကျင်းပနေစဉ်
Image caption လွှတ်တော်အစည်းအဝေးကျင်းပနေစဉ်

လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်က ပြည်တွင်း မီဒီယာတခုမှာ လွှတ်တော် အမတ်တွေဟာ စာမတတ်၊ ၁၀ တန်းမအောင်ဘဲ လွှတ်တော်ထဲ လာထိုင်နေ တာဆိုပြီး အရည်အချင်း မရှိဘူးလို့ မတ်လ ကုန်ပိုင်းက ပြောကြားတဲ့အပေါ် တနင်္လာနေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ တရားဝင် တောင်းပန် လိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ပြည်သူ့ လွှတ်တော်အမတ် ဦးခိုင်မောင်ရီကတော့ ဝန်ကြီးအနေနဲ့ တောင်းပန်မှုထက် မီဒီယာ တွေကို ပြစ်တင်တာ ပိုများတယ်လို့ ဘီဘီစီ ကိုပြောပါတယ်။

အခုလိုတောင်းပန်မှုကို ကြေနပ်သလားဆိုတာ မဲမခွဲရဘဲ အမတ်တွေအနေနဲ့ သဘောထား ကြီးတာပြဖို့ ခွင့်လွှတ်ကြေအေးရန် လွှတ်တော်ဒုတိယဥက္ကဌက ပြောသွားတယ်လို့ ဦးခိုင် မောင်ရီက ဆိုပါတယ်။

အခုလို ဝန်ကြီးတယောက်က လွှတ်တော်အပေါ်ပြောဆိုဝေဖန်မှုနဲ့ပတ်သက်လို့ တောင်းပန်ရတာဟာ အခုအစိုးရသစ်ရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။