စီးပွားရေး ကုမ္ပဏီများ လိုက်နာ သင့်တဲ့ အချက်တွေ မိတ်ဆက်

UN Chief Ban Ki_moon ဓာတ်ပုံ မူပိုင် Reuters
Image caption ကုလ သမဂ္ဂရဲ့ အစီအစဉ်နဲ့ ဆွေးနွေးပွဲ ပြုလုပ် ခဲ့တာဖြစ်

မြန်မာ နိုင်ငံမှာ ရောက်နေတဲ့ မစ္စတာ ဘန်ကီမွန်းက ကုလသမဂ္ဂက ပြဌာန်း ထားတဲ့ Global Compact လို့ ခေါ်တဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်ဆောင် ရာမှာ လိုက်နာ ဆောင်ရွက် သင့်တဲ့ အချက် အလက်တွေကို မိတ်ဆက်ပေးတဲ့ ဆွေးနွေးပွဲ တစ်ရပ်ကို အင်္ဂါ နေ့ကရန်ကုန်မြို့မှာ ဖွင့်လှစ်ပေးခဲ့ ပါတယ်။

အဲဒီ ဆွေးနွေးပွဲကို ကုလသမဂ္ဂနဲ့ အစိုးရ ဘက်က တာဝန်ရှိသူတွေ၊ UMFCCI ကုန်သည် များနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နဲ့ ပြည်တွင်း ကုမ္ပဏီတွေ တက်ရောက် ခဲ့ကြ ပါတယ်။

ကုမ္ပဏီ ၁၅ ခုက စီးပွားရေး ဆိုင်ရာ လိုက်နာသင့်တဲ့ ကျင့်ဝတ်တွေကို လိုက်နာ ပါ့မယ်လို့ ကိုယ့် သဘောနဲ့ကိုယ် လက်မှတ် ရေးထိုး ခဲ့ကြတယ်လို့ UMFCCI တွဲဘက် အထွေထွေ အတွင်း ရေးမှူး ဦးအောင်ခင်မြင့် က ပြောပါတယ်။

အဲဒီလို လက်မှတ်ရေး ထိုးတဲ့ အထဲမှာ UMFCCI လည်း ပါဝင်ပြီး ဒါဟာ ထူးခြားတယ်လို့ သူက ပြောပါတယ်။

Global Compact လို့ ခေါ်တဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်ဆောင် ရာမှာ လိုက်နာ ဆောင်ရွက် သင့်တဲ့ အချက် အလက် အလက် တွေ ဆိုတာဟာ တကမ္ဘာလုံး လိုက်နာ ကြရမယ့် စည်းကမ်းတွေ ဖြစ်ပြီး အဲဒီလို ကျင့်ဝတ်သိက္ခာတွေကို လိုက်နာ စောင့်ထိန်းခြင်း အားဖြင့် ကိုယ့် ကုမ္ပဏီ အတွက်လည်း ကောင်းတဲ့ အပြင် နိုင်ငံတကာရဲ့ အသိအမှတ် ပြုမှုကိုလည်း ခံရမှာ ဖြစ်တယ်လို့ ဦးအောင်ခင်မြင့် က ပြောပါတယ်။

စီးပွားရေး လုပ်ကိုင် နေကြတဲ့ ကုမ္ပဏီ အချင်းချင်းလည်း အပြန်အလှန် လေးစာမှု ရှိလာမယ်လို့ သူက ပြောပါတယ်။