မြန်မာပြည် မြောက်ပိုင်း ခရီးသွားမှု တရုတ် သတိပေး

Kachin
Image caption ကချင် ပြည်နယ် မှာ လက်နက်ကိုင် ပဋိပက္ခ တွေ ပို ပြင်းထန် လာနေ ပါတယ်

မြန်မာပြည် မြောက်ပိုင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ ပိုပြီး ပြင်းထန် လာတဲ့ အတွက် လုံခြုံရေး အရ သတိထား ကြဖို့ တရုတ် စီးပွားရေး ဝန်ကြီး ဌာနက မြန်မာပြည် မှာ ရှိတဲ့ တရုတ် နိုင်ငံသား တွေနဲ့ တရုတ် စီးပွားရေး လုပ်ငန်း တွေကို သတိပေးချက် ထုတ်ပြန် လိုက်ကြောင်း တရုတ် အစိုးရ တရားဝင် သတင်း ဌာန ရှင်ဝှာ က ဆို ပါတယ်။

တရုတ် ကုမ္ပဏီ တွေ အနေနဲ့ မြန်မာပြည် မြောက်ပိုင်း ကို စီးပွားရေး ရင်းနှီး မြှုပ်နှံမှု အတွက် ခရီး မသွားလာ ကြဖို့နဲ့ ရှိပြီးသား ကုမ္ပဏီတွေ အနေနဲ့ လည်း လုံခြုံ ရေး ကို ပို သတိ ထားဖို့ အဲဒီ သတိ ပေးချက်က ဆိုထား ပါတယ်။

မြန်မာ အစိုးရနဲ့ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့တို့ ကြား တိုက်ပွဲတွေ အပြင်း အထန် ဖြစ်ပွား နေ တဲ့ ကချင် ပြည်နယ် ထဲမှာ တရုတ် စီးပွားရေး လုပ်ငန်းတွေ အတော်များများ ရှိနေတာ ဖြစ်ပါတယ်။