ပြင်စလူမြို့နယ် ရေရှား

water well ဓာတ်ပုံ မူပိုင် bbc
Image caption သောက်ရေတွင်း ပြန်တူးဖေါ်

၂ဝဝဂ ခုနှစ် အတွင်း နာဂစ် မုန်တိုင်းဒဏ် အများဆုံး ခံခဲ့ရတဲ့ လွပ္ပတ္တာ မြို့နယ် ထဲက ပြင်စလူမြို့နယ် အတွင်းရှိ ကျေးရွာတွေ မှာ သောက်ရေရှားပါးမှု ကြောင့် ကလေးရော လူကြီးတွေပါ ဝမ်းပျက် ဝမ်းလျှော ရောဂါ ဖြစ်ပွားနေကြပါတယ်။

အဲဒီ အတွက် လူမှုရေး အဖွဲ့တွေ နဲ့ သံဃာတော်တွေ အန်အယ်ဒီ အဖွဲ့ဝင် ဟာ တရွာဝင် တရွာထွက် သောက်ရေ ပေးလှူ နေကြရပါတယ်။ မိုးရေ လှောင်ကန်တွေမှာ ရေခန်းကုန်သလို တွင်းရေ လည်း ခြောက်ခန်း နေကြောင်း ပြင်စလူ မှ ဆရာတော် တပါးက ဘီဘီစီ ကို မိန့်ပါတယ်။

ပြင်စလူမြို့နယ် ထဲရှိ ကုန်းကြီး၊ နသတ် နဲ့ လေယျာဉ်ကွင်း ရွာတွေ ဖက်မှာ ရှိတဲ့ ရေတွင်း ရေကန်ရေ သောက်သုံးကြလို့ ရွာခံတွေ ဖျားနာကုန်ကြောင်း၊ သဲတွင်း တူးပြန်တော့လည်း နေပူ လို့ ရေမရသလို အဝီစီ တွင်း တူးရာမှာ ရေငံ ပဲ ထွက်လို့ သောက်ရေ အခက်အခဲ တွေရပုံ ကို ဆရာတော် က ရှင်းပြပါတယ်။

အာဏာပိုင်တွေ ဘက် က ရေရရှိရေး ဝိုင်းကူပေမယ့် နေပူရှိန် ဆက်လက်ပူပြင်း နေရင် အခက်အခဲ ပိုပြီးများလာနိုင်တဲ့ အကြောင်း ဆရာတော် က မိန့်ပါတယ်။