CNF နဲ့ ငြိမ်းချမ်းရေး ဆွေးနွေး

  • 7 မေ 2012

ချင်းအမျိုးသားတပ်ဦး CNF နဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ကြား နှစ်ရက်ကြာ ဆွေးနွေးပွဲကို ချင်းပြည်နယ်မှာ ဒီကနေ့က စတင်လိုက် ပါတယ်။

Image caption ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ကို ဉီးဆောင်ခဲ့သူ ဝန်ကြီး ဉီးအောင်မင်း

အစိုးရဘက်က မီးရထား ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဦးဆောင်ခဲ့ပြီး CNF ဘက် ကတော့ ဒေါက်တာ ရွှေခါး ဦးဆောင်ပြီး ၁၈ ဦးပါခဲ့တယ်လို့ CNF ရဲ့ ပြောခွင့်ရသူ ဆလိုင်း ငွန်ကျုံးလျန် က ပြောပါတယ်။

ဒီကနေ့ စတင်လိုက်တဲ့ ဆွေးနွေးပွဲမှာတော့ ပြီးခဲ့တဲ့ တခေါက်က သဘောတူထားခဲ့တဲ့ ပဏာမ သဘောတူညီချက် ၉ ချက်ကို အခြေခံပြီး ဘယ်လို ဖော်ဆောင်မလဲ ဆို တာတွေကို ဆွေးနွေးကြတယ်လို့ သူက ဆိုပါတယ်။

ဆွေးနွေးမှုတွေမှာ တပ်ချထားရေး၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ထာဝရ ငြိမ်းချမ်းရေး ကိစ္စတွေ ပါတယ်လို့လည်း CNF ရဲ့ ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။

ဒီကနေ့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကနေ ငြိမ်းချမ်းရေး စာချုပ်တရပ် ချုပ်နိုင်ဖို့ မျှော်လင့်ထားပေမယ့်လို့ တကယ်တမ်း လက်မှတ် ရေးထိုး ဖြစ်မှသာ စာချုပ် ချုပ်တယ်လို့ ပြောနိုင်မှာ ဖြစ်တယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။