ပဲခူးတိုင်းမှာ ကေအန်ယူ ဆက်ကြေးကောက်

KNU အဖွဲ့
Image caption KNU အဖွဲ့

နှစ်ပေါင်းဆယ်နဲ့ ချီပြီး ကောက်ခံမှု မရှိခဲ့တဲ့ KNU ရဲ့ ဆက်ကြေးကောက်ခံမှုဟာ အခု ပဲခူးတိုင်း တောင်ငူခရိုင် ရွှေကျင်မြို့ နယ်မှာ အဆမတန်ကောက်ခံ လာခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

အခု စတင်ကောက်ခံ လာတာကတော့ အင်းခွန်ရယ်၊ လယ်ခွန်နဲ့ ကတို့ခွန်တွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းခွန်ဆိုရင် အစိုးရကို လေလံဆွဲတဲ့အတိုင်း (၃၅)ရာနှုန်းထိ ထပ်မံ ပေးနေရတာ ဖြစ်ပြီး မပေးနိုင်ရင်တော့ အင်းလုပ်ခွင့်မပေးနိုင်ဘူးလို့ အင်းသမားတွေကိုခေါ်တွေ့ပြီး ပြောသွား ခဲ့ပါတယ်။

ဆင့်ခေါ်တဲ့ ကေအန်ယူအဖွဲ့တွေကတော့ တောင်ငူခရိုင် တပ်ရင်း(၇)က ဖဒိုမောင်အေးနဲ့ တပ်ရင်း(၉)က တပ်ရင်းမှူး စောပုလဲတို့ဘဲ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

လယ်သမားတွေ ကလည်း စပါး မရတဲ့အတွက် တခြားနေရာက ဝယ်ပေးရတာရှိသလို မပေးနိုင်တဲ့ လယ်သမားတွေက လည်း ရွာကနေ ရှောင်ပေး နေရပါတယ်။

တအိမ်ကို သုံးသောင်းကျပ် ကောက်ခံတဲ့အတွက် မပေးနိုင်တဲ့သူတွေ အခက်အခဲ ဖြစ်နေ ကြတယ်လို့ ဆိုပါတယ်။

ကေအန်ယူဗဟိုကတော့ ဒီကိစ္စသူတို့ မသိရသေးဘူးလို့ အထွေထွေအတွင်းရေးမှူးဖြစ်သူ နော်စီဖိုးရာစိန်က ပြောပါ တယ်။

ဘာဘဲဖြစ်ဖြစ် ရွှေကျင်မြို့နယ်က ရွာသူရွာသားတွေ အင်းသမားနဲ့လယ်သမားတွေ ကတော့ ကေအန်ယူနဲ့အစိုးရတို့ ငြိမ်းချမ်းရေး ရပြီးကာမှ သူတို့ဘဝ မငြိမ်း ချမ်းလာတယ်လို့ ဆိုကြပါတယ်။