နောက်ဆုံး ရေးသားချိန် 10 မေလ 2012 - 01:55 GMT

KIO နဲ့ ငြိမ်းချမ်းရေးအဖွဲ့ အပြောင်းအလဲ

kia

ဆွေးနွေးမှု တွေ ပွင့်လင်း ခိုင်မာဖို့ လို

အစိုးရ ဘက်က ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ ဖွဲ့စည်းပုံ ပြောင်းပေမယ့် လမ်းစဉ် ပြောင်းဖို့ ပို အရေးကြီး တယ်လို့ ကေအိုင်အို ပြောခွင့်ရ ဦးလာနန်က ဘီဘီစီကို ပြောကြား ခဲ့ပါတယ်။

ခုထိတော့ လမ်းပြမြေပုံအတိုင်း သွားမယ့်မူကို တိုင်းရင်းသားတွေ ဘက်က လက်ခံချင်စရာ မရှိလှဘူး လို့လည်း သူက ထောက်ပြ ပါတယ်။

ဦးအောင်သောင်း အဖွဲ့နဲ့ ဆွေးနွေးစဉ်ကလည်း အထက်ကို ပြန်လည် တင်ပြမယ် ယူဆပြီး ထိပ်ဆုံး အဆင့်က သဘောမတူလို့သာ မအောင်မြင်ခဲ့တာ နေမယ်လို့ သူက ဆိုပါတယ်။

ဆွေးနွေးမှု တွေဟာ ပွင့်လင်း ခိုင်မာဖို့ လိုတယ်လို့ လည်း ပြောကြား ခဲ့ပြီး နိုင်ငံတကာ ကွပ်ကဲမှု တရပ်အောက်မှာ စေ့စပ် ညှိနှိုင်းမှ ရေရှည် အာမခံ ချက်ရှိတဲ့ ငြိမ်းချမ်းရေးမျိုး ရမယ်လို့လည်း ဆိုပါတယ်။

ဒီလို ကွပ်ကဲမှု မရှိလို့ အရင် ဗိုလ်ချုပ် ခင်ညွန့်လက်ထက်က သဘော တူညီချက်တွေ ပျက်ပြား သွားတော့ အရေးဆို စရာ ညှိနှိုင်းပေးမယ့်သူ မရှိခဲ့တာလို့ ရှင်းပြ သွားပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။