မုံရွာ ကြေးနီ ကုမ္ပဏီနဲ့ ရွာသားတွေ အချင်းများ

  • 9 မေ 2012
copper mining
Image caption ကြေးနီ သထ္ထုတွင်း လုပ်ငန်းခွင်

မုံရွာ ကြေးနီ စီမံကိန်းက စွန့်ပစ် ပစ္စည်းတွေကို ယာခင်းတွေ ရှိရာမှာ လာရောက် စွန့်ပစ်တဲ့ အ တွက် လယ်သမားတွေနဲ့ ရဲတို့ ထိပ်တိုက် တွေ့နေပါတယ်။

ခုလ အစောပိုင်းက ညောင်ပင်ကြီး ရဲစခန်းမှာ ဆည်တဲ ရွာသား တယောက်ကို ရဲက ဖမ်းရာ ကနေ ရွာသားတွေက ရဲစခန်းကို ဝိုင်း ဆန္ဒ ပြရာမှာ နောက်ဆုံး ပြန်လွှတ်ပေးလိုက်ရ ပါတယ်။

ကြေးနီစီမံကိန်းက စွန့်ပစ်ပစ္စည်းတွေကို ရွာသားတွေရဲ့ လယ်ထဲ လာစွန့်ပစ်ရာမှာ ရွာသား တွေက တားဆီး ကန့်ကွက်ပါတယ်။

ကုမ္ပဏီ တာဝန် ရှိသူတွေနဲ့ တွေ့ဖို့ ရွာသားတွေက ခွင့်တောင်းပေမယ့် တွေ့ခွင့်မရတဲ့ အတွက် ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ တရုတ် နိုင်ငံသားတွေကို ဘုန်းကြီးကျောင်းကို ခေါ်လာရာမှာ ပြန်ပေးဆွဲတယ်လို့ စွပ်စွဲခံရပြီး အဖမ်း ခံရတာ ဖြစ်ပါတယ်။

အဲဒိမှာ ရွာသားတွေက ရဲစခန်းကို သွား ဆန္ဒပြရာကနေ အဖမ်းခံရသူ ပြန်လွတ်လာပါတယ်။

လောလောဆယ် တောင်သူ လယ်သမား သမဂ္ဂ ဖွဲ့စည်းဖို့ စည်းရုံးလှုပ်ရှားနေတဲ့ ဒီငြိမ်းလင်း တို့ ဒီဒေသမှာ ရောက်ရှိနေပြီး အစိုးရက အတင်းအကြပ် ပြောင်းခိုင်းတာကို မပြောင်းဘဲ တင်းခံနေတဲ့ ရွာသားတွေကို အားပေးစကား လာပြောတယ်လို့ သတင်း ရရှိပါတယ်။