နောက်ဆုံး ရေးသားချိန် 11 မေလ 2012 - 01:34 GMT

ရခိုင်မှာ ယဉ်ကျေးမှုက ထိန်းသိမ်းမယ်

myauk oo

လမ်းဖောက်လို့ ရှေးဟောင်း စေတီတွေ ဖျက်ဆီးခံရ

မြန်မာ အစိုးရ ယဉ်ကျေးမှု ဌာနက ရခိုင် ပြည်နယ်က ရှေးမြို့တော်ဟောင်း ၂ မြို့ကို ကာကွယ် ထိန်းသိမ်းတဲ့ နေရာများ အဖြစ် စာရင်းသွင်း သတ်မှတ် လိုက်ပါတယ်။

ဓညဝတီ ခေါ် မြောက်ဦး မြို့ဟောင်းနဲ့ ပိုရှေးကျတဲ့ ဝေသာလီ မြို့ဟောင်းတွေကို ဓရာဝတီ တိုင်းက မြောင်းမြ မြို့ဟောင်း၊ ထားဝယ်နားက သာဂရ မြို့ဟောင်း၊ စစ်ကိုင်းတိုင်း မုံရွာနားက အမြင့် အနိမ့် မြို့ဟောင်းတွေနဲ့ အတူ ထိန်းသိမ်း စောင့်ရှောက်မယ့် မြို့များ စာရင်းမှာ ထည့်သွင်း ခဲ့ပါတယ်။

မူလက စာရင်းမှာ မပါဝင် ခဲ့တဲ့ အတွက် ကျောက်တော် ရထားလမ်း ဖောက်တာလို ရှေးဟောင်း စေတီ မြို့ရိုးတွေ ဖျက်ဆီးခံ ရတာတွေ ရှိခဲ့တာမို့ ဒီလို တာဝန်ယူ လိုက်တာကို ဒေသခံ စာပေ သမိုင်း ပညာရှင်တွေက ကြို ဆို ခဲ့ကြပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။