မူးယစ်ရာဇာ စိုင်းနော်ခမ်းကိုတရုတ်လက်လွှဲ

  • 10 မေ 2012
nawkham ဓာတ်ပုံ မူပိုင် bbc
Image caption မူးယစ်ရာဇာ စိုင်းနော်ခမ်း

မူးယစ်ရာဇာ စိုင်းနော်ခမ်းကို လောနိုင်ငံက ပြီးခဲ့တဲ့ လကုန်ပိုင်းက ဖမ်းဆီး ရမိထားတာ ဖြစ်ပြီး ဒီကနေ့မှာဘဲ တရုတ် အစိုးရကို တရားဝင် လွဲပြောင်း ပေးလိုက်ပြီ ဖြစ်ပါတယ်။ ရှမ်းလူမျိုး စိုင်းနော်ခမ်းဟာ ရှမ်းပြည်အရှေ့ပိုင်း ရွှေတြိဂံ နယ်မြေ မဲခေါင် မြစ်ကြောင်း တလျှောက်မှာ ကျက်စားနေတာဖြစ်ပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်မှုအပါအဝင် မြန်မာနဲ့တရုတ် လုံခြုံရေးတပ်ဖွဲ့တွေကို ပစ်ခတ်မှု၊ မဲခေါင်မြစ်ထဲ သွားလာနေတဲ့ တရုတ် ကုန်တင်သင်္ဘောတွေကို ဆက်ကြေး ကောက်မှု၊ သတ်ဖြတ်မှုတွေ နဲ့ ထိုင်း၊ မြန်မာ၊ လောနဲ့ တရုတ် နိုင်ငံတွေက ဖမ်းဝရမ်း ထုတ်ထား တဲ့သူဖြစ်ပါတယ်။

သူ့ကို ဖမ်းထားတဲ့ လောနိုင်ငံက တရုတ် အစိုးရကို လွဲပြောင်းပေးလိုက်တာ နဲ့ပတ်သက်ပြီး ထိုင်း မူးယစ်ဆေးဝါး တိုက်ဖျက်ဌာနက ဒုတိယအတွင်းရေးမှူး စူခုမ် အိုးဖတ်နိဖတ် က နော်ခမ်းကို မြန်မာ၊ ထိုင်းနဲ့တရုတ် နိုင်ငံတို့က အလိုရှိနေတဲ့သူဖြစ်တဲ့ အကြောင်း၊ ဖမ်းဆီး ရမိထားတဲ့ လောနိုင်ငံက ဘယ်နိုင်ငံ ကို ပေးမလဲဆိုတာ ဆုံးဖြတ် ပိုင်ခွင့်ရှိတဲ့ အကြောင်း အခုတော့ တရုတ် နိုင်ငံကို လွဲပြောင်း ပေးလိုက်ပြီဖြစ်တဲ့ အကြောင်း ဘယ်နိုင်ငံကိုဘဲ လွဲပြောင်းပေး လွဲပြောင်းပေး အရေးကြီးတာက မူးယစ်ဆေးဝါး အပါအဝင် ရာဇဝတ်မှု ကျူးလွန်တဲ့ နော်ခမ်းကို အရေးယူနိုင် ဖို့ ဘဲဖြစ်တယ်လို့ ဘီဘီစီ ပြောသွားတာ ဖြစ်ပါတယ်။

မူးယစ်ရာဇာ နော်ခမ်းကို ဖမ်းဆီးရမိတယ် ဆိုပေမယ့်လည်း ထိုင်း နိုင်ငံထဲကို မူးယစ်ဆေးဝါး တွေ က အလုံးအရင်းနဲ့ ဝင်လာနေတုန်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်း ယာဘ စိတ်ကြွဆေးပြားတွေ သိန်းနဲ့ သန်းနဲ့ဖမ်းဆီးရမိခဲ့ပါတယ်။

ဒီလို ဖမ်းဆီးရမိ တာဟာ ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါး နှိမ်နှင်းရေးကို ပိုမို လုပ်လာတာကြောင့်ဖြစ်တယ်လို့ ထိုင်းမူးယစ်ဆေးဝါး တိုက်ဖျက်ဌာနက ဒုတိယအတွင်းရေးမှူး စူခုမ် အိုးဖတ်နိဖတ် ပြောပါတယ်။