ကိုရီးယား အထည်စက်ရုံ ဆန္ဒပြပြန်

myanmar ဓာတ်ပုံ မူပိုင် AP
Image caption လုပ်ခလစာ ပြေလည်မှ လူနေမှု တိုးတက်

ရန်ကုန် စက်မှု ဇုန်တွေမှာ အလုပ်သမား အခွင့်အရေးနဲ့ လစာ တိုးတောင်း တာတွေ နေ့စဉ်ရက်ဆက် လိုလို ပေါ်ပေါက် နေပါတယ်။

ကြာသပတေးနေ့က လှိုင်သာယာ စက်မှုဇုန် ၄ က ကိုရီးယားပိုင် YES အထည်ချုပ် စက်ရုံမှာ အလုပ်သမား တထောင် ဆန္ဒပြ ခဲ့ကြပါတယ်။

လစာ ကျပ်တသောင်း ငါးထောင့် ငါးရာက ရှားပါးစရိတ် နှစ်သောင်းထိ တိုးပေးဖို့ ၊ နေ့လုပ်ခ ကျပ်တရာ တိုးပေးဖို့နဲ့ အလုပ်ချိန်ကို မနက် ၈ နာရီက ည ၈ နာရီထိ သတ်မှတ်ပေးဖို့ တောင်းဆို ခဲ့ကြပါတယ်။

ကြာသပတေးနေ့ ညနေမှာပဲ အလုပ်ရှင်က ၁၂,၅ဝဝ ထိ တိုးပေးလိုက်ကာ တခြား လိုက်လျောမှုတွေ လုပ်ခဲ့လို့ ပြေလည်မှု ရသွားတယ် သိရပါတယ်။

အလားတူပဲ ဗုဒ္ဓဟူးနေ့ ကတည်းက လုပ်ခ အတွက် သပိတ်မှောက်နေတဲ့ ဟိုင်မို ဆံပင်တု စက်ရုံ လုပ်သား တွေလည်း အလုပ်ရှင်က လိုက်လျော ပေးလိုက်တယ်လို့ သိရပါတယ်။