ကိုဇာဂနာ မှတ်တမ်းရုပ်ရှင် စီစဉ်

children ဓာတ်ပုံ မူပိုင် bbc
Image caption ရွှေ့ပြောင်းလုပ်သား ကလေးပညာရေး

ထိုင်းနိုင်ငံ မှာ ရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ မိဖ တွေက သွားရောက် လုပ်ကိုင်ယင်း မိသားစု စားဝတ်နေရေး ဖြေရှင်းရာမှာ လိုက်ပါသွားတဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေ ရဲ့ ပညာရေး လစ်ဟင်းနေတာကို မီးမောင်းထိုးပြတဲ့ မှတ်တမ်းတင် ရုပ်ရှင် ဇာတ်ကား ကို စွယ်စုံ အနုပညာရှင် ကိုဇာဂနာ က စီစဉ် ဆော်သြပေးယင်း ထိုင်းနိုင်ငံ ဖင ဒေသမှာ ရိုက်ကူးနေပါပြီ။

မိဖ တွေဟာ ရာဘာလုပ်ငန်း၊ ငါးလုပ်ငန်း ပန်းရံ လုပ်ငန်း စတာတွေ မှာ နစ်မြုပ် လုံးပန်းနေရလို့ ကလေးတွေရဲ့ ပညာရေး လစ်ဟင်းနေတာကို မီးမောင်းထိုးပြ လိုတဲ့ အတွက် ဒီရုပ်ရှင်ကား စီစဉ်ရပုံ ကို ကိုဇာဂနာ က ဘီဘီစီ ကို ရှင်းပြပါတယ်။

ဒီရုပ်ရှင် ကားရဲ့ ဒါရိုက်တာက မင်းထင် ကိုကိုကြီး ဖြစ်ပါတယ်။ သရုပ်ဆောင် တွေက ရဲတိုက်၊ ချစ်သုဝေ နဲ့ ကောင်းပြည့်တို့ ပါဝင်ကြောင်း ပြောပြပါတယ်။ သရုပ်ဆောင် တွေကရော ဒါရိုက်တာ ကပါ ငွေကြေးမယူဘဲ စေတနာနဲ့ ပံ့ပိုး ပေးကြတာလို့ ကိုဇာဂနာက ပြောပါတယ်။

ဒီဇာတ်ကားကို အခမဲ့ ပြသသွားမှာလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ မှာရော၊ နိုင်ငံတကာမှာရော၊ ပြည်တွင်းမှာပါ အခမဲ့ ပြသသွားမဲ့ အကြောင်း၊ ကလေးတွေရဲ့ နောင်ရေးမှာ ပညာရေးက အရေးကြီးတဲ့ သတင်းစကားကို ရောက်စေချင်လို့ ပြသတာဖြစ်ကြောင်း လဲ ပြောပါတယ်။

ရွေ့ပြောင်း အလုပ်သမား တွေကို ကူညီကြတဲ့ စေတနာ့ ဝန်ထမ်း အင်အားစုတွေက ထောက်ပံ့နေတာ ထိထိရောက်ရောက် မရှိလို့လား ဆိုတာကိုတော့၊ အတိုင်းအတာ တခုထိ ထိရောက် ကြောင်း၊ ဒါပေမယ့် အနုပညာနဲ့ ပံ့ပိုးပေးရင် ပိုပြီး ထိရောက် အောင်မြင်အောင် ကူညီလိုတဲ့ သဘောဖြစ်ကြောင်း ရှင်းပြသွားပါတယ်။