သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အိုးအိမ် မြေယာ သိမ်းမှုတွေကို ဘယ်လို ကာကွယ်မလဲ

ဓာတ်ပုံ မူပိုင် Reuters
Image caption တောမီး ကြောင့် အိုးအိမ် ဆုံးရှုံးရသူ တဉီး

ချောင်းသာမှာ အိမ်ယာတွေကို မြို့သစ်တည်ဖို့အတွက် ဖိအားပေး ရွှေ့ပြောင်းခိုင်းနေပါတယ်။

နိုင်ငံတဝန်း ဒေသအသီးသီးမှာလည်း အလားတူ လူနေအိမ်ယာ သိမ်းတာတွေ၊ လယ်ယာမြေ နိုင်ငံပိုင်သိမ်းတာတွေ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီလို အသိမ်းခံကြရသူတွေထဲမှာ အိမ်ယာမြေမှာ နှစ်ပေါင်း ၂၀၊ ၂၅ နှစ် နေထိုင်ခဲ့သူတွေပါဝင်ကြသလို နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့တဲ့ လယ်မြေတွေလည်း ပါဝင်ပါတယ်။

ဒီတော့ နစ်နာဆုံးရှုံးကြသူတွေ အတွက် ဘယ်လို အကာအကွယ်တွေ ပေးနိုင်ပါသလဲ။

လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ရှေ့နေ ဉီးတင်အောင်ထွန်း၊ လွှတ်တော်အမတ် ဉီးဖုန်းမြင့်အောင်တို့နဲ့ အတူ ကိုယ်တိုင်ကြုံတွေ့ခံစားရသူတွေ ပါဝင်ဆွေးနွေးထားကြပါတယ်။