လှိုင်သာယာမှာ ဆန္ဒပြသူ ခြိမ်းခြောက်

burma worker
Image caption စက်ရုံတွေမှာ စာကပ် ခြိမ်းခြောက်

လှိုင်သာယာက အထည်ချုပ် စက်ရုံ ၅ ရုံမှာ အခြေခံ လစာ တိုးပေးဖို့ ဆန္ဒပြ နေကြသူတွေကို ဖြေရှင်းမပေးဘဲ အလုပ်ရှင်တွေက ခြိမ်းခြောက် နေကြပါတယ်။

တရုတ် မြန်မာ ဖက်စပ် နဲ့ ကိုရီးယား ပိုင် နေမင်းအောင်၊ တိုင်ကို၊ စပယ်ပွင့်၊ မြန်မာ့ပုလဲနဲ့ YJ စက်ရုံ တွေမှာ ဆန္ဒပြ တောင်းဆိုလို့ မရတဲ့ အတွက် ခရိုင် အလုပ်သမားရုံးမှာ ဖြေရှင်းပေးဖို့ တောင်းဆို နေကြပါတယ်။

စက်ရုံတွေမှာ မနက်က မိုးချုပ်ထိ အလုပ်လုပ်ရပြီး လုပ်ခကျ နည်းနည်းပဲ ပေးချင်တယ်၊ အလုပ်ရှင်ကလည်း စက်ရုံတွေမှာ စာကပ် ခြိမ်းခြောက်တယ်လို့ အလုပ်သမား တွေဘက်က ဆိုပါတယ်။

မေလဆန်းက တခြား စက်ရုံတွေမှာ ဆန္ဒပြတာကို အလုပ်သမားရုံးက ဝင်ရှင်းပေးလို့ အဆင်ပြေ သွားခဲ့ပါတယ်။