မြန်မာ ဒုက္ခသည်တွေ အတွက် နယ်ခြားဖြတ် အကူအညီ ပိုပေးဖို့ တောင်းဆို

  • 17 မေ 2012

ဗြိတိန် နိုင်ငံ မှာ ပါတီ ပေါင်းစုံ ပါဝင်တဲ့ ပါလီမန် အမတ် ၆၆ ယောက်က မြန်မာ ဒုက္ခသည်တွေ အတွက် နယ်ခြားဖြတ် အကူအညီတွေ ပိုပေးဖို့ အဆိုပြုလွှာ တင်သွင်းချက်ကို Burma Campaign UK မြန်မာ့ အရေး လှုပ်ရှားမှု အဖွဲ့က ထောက်ခံ ကြိုဆိုလိုက် ပါတယ်။

Image caption ဗြိတိန် နိုင်ငံ ပင်လယ် ရပ်ခြား ဖွံ့ဖြိုးရေး ဝန်ကြီး

ပါလီမန် အမတ်တွေ တင်သွင်းတဲ့ Early Day Motion ပါလီမန် ဆိုင်ရာ အဆိုပြုလွှာက ထိုင်းမြန်မာ နယ်စပ်မှာ ရှိတဲ့ ဒုက္ခသည်တွေ နဲ့ ပတ်သက်ပြီး DEFID ပင်လယ်ရပ်ခြား ဖွံ့ဖြိုး တိုးတက်ရေး ဌာနက လက်ရှိ ထောက်ပံ့ နေပေမဲ့ လုံလောက်မှု မရှိတဲ့ အတွက် ထပ်ပြီး ကူညီပေးဖို့ အဓိက တောင်းဆိုတာ ဖြစ်တယ်လို့ Burma Campaign UK က စည်းရုံးရေးမှူး မမေရီလှ က ပြောပါတယ်။

အစိုးရ စစ်တပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲ ဖြစ်နေတဲ့ နိုင်ငံ မြောက်ပိုင်းက ကချင် ပြည်နယ် ဘက်က ဒုက္ခသည်တွေ၊ ရွာပုန်း ရွာရှောင်တွေ အရေး ကိုရော ထိုင်းနယ်စပ် ဘက်က ဒုက္ခသည်တွေ လောက် အကူအညီ လိုအပ်တယ် မထင် ဘူးလား ဆိုတာနဲ့ ပတ်သက်လို့တော့ ဗြိတိန် ပါလီမန် အမတ် တွေက အခုမှ ပထမဆုံး တောင်းဆိုတာ မဟုတ်ဘဲ အရင်က တည်းက အလားတူ တောင်းဆို ခဲ့မှုကို ထပ်လောင်း တောင်းဆို တာသာ ဖြစ်တယ်လို့ ဒေါ်မေရီလှက ပြောပါတယ်။

ပင်လယ်ရပ်ခြား ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီး အန်ဒရူး မစ်ချဲလ် Andrew Mitchell မြန်မာ နိုင်ငံကို သွားရောက်ခဲ့တုန်းက မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဗြိတိန်က ကူညီမယ်လို့ ပြောခဲ့ဖူးတာကြောင့် အခု လွှတ်တော် အမတ်တွေရဲ့ တောင်းဆိုမှုကို လိုက်လျောနိုင် လိမ့်မယ် လို့လည်း သူက မျှော်လင့် တယ်လို့ ပြော ပါတယ်။