မကွေး လယ်သမားကွန်ယက်ဖွဲ့

  • 18 မေ 2012
magwe ဓာတ်ပုံ မူပိုင် bbc
Image caption မကွေးတိုင်း လယ်သမား လုပ်သားတွေကို ကူမယ်

အလုပ်သမား လယ်သမား အရေးအတွက် မြစ်ကွေ့ဧရာ လူမှု ကွန်ယက် မကွေးမှာ ကြာသပတေး နေ့က ဖွဲ့ခဲ့ပါတယ်။

ဥပဒေ အတိုင်ပင်ခံ ဦးတင်ထွန်းအောင် ဦးဆောင် ပြီး တက်ကြွ လှုပ်ရှားသူ ၂၃ ယောက် ပါပါတယ်။

နိုင်ငံ အနှံ့ မြေသိမ်း လယ်သိမ်း အမှုတွေ ဖြစ်နေပြီး မြေလတ် မှာလည်း ပေါ်နေလို့ ကိုင်တွယ် ဖြေရှင်း သွားမယ်လို့ ဆိုပါတယ်။

အစိုးရသစ် တက်လာပြီးနောက် တိုင်တန်းတဲ့ အမှုတွေ ထဲမှာ လယ်သိမ်း မြေသိမ်း ကိစ္စတွေ အများဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။