ဒေါ်မာမာအေး ဗီဇာ လျှောက်ခွင့်ပြု

  • 17 မေ 2012
_bbc_mma_2 ဓာတ်ပုံ မူပိုင် bbc
Image caption စွယ်စုံ အနုပညာရှင် ဒေါ်မာမာအေး

အမေရိကန်ပြည်ထောင်စု မှာ နေထိုင်တဲ့ စွယ်စုံအနုပညာရှင် ဒေါ်မာမာအေး ထံ သမ္မတ ဦးသိန်းစိန် ညွှန်ကြားမှု အရ သမ္မတ ရုံးမှ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားဖို့ ခွင့်ပြုစာ ကို ၂၀၁၂ ခု မေလ ၉ ရက်နေ့စွဲ နဲ့ ပေးပို့လိုက်တာကို ကြားဝင် ပြုလုပ်ပေးတဲ့ အနုပညာရှင် က email မှ တဆင့် ပေးပို့ တဲ့ အကြောင်း ဒေါ်မာမာအေး က ဘီဘီစီ ကို ပြောပြပါတယ်။

ဒေါ်မာမာအေး အနေနဲ့ လည်း မြန်မာနိုင်ငံ ကို ခေတ္တ အလည်ပြန်လိုတဲ့ ဆန္ဒ ရှိပုံ၊ မြန်မာပြည်သူ တွေ ကို အနုပညာ နဲ့ ပြန်လည် နှစ်သိမ့် လိုစိတ်၊ အနုပညာ အသိုင်းအဝိုင်းကို လုပ်ကိုင်ပေးစရာ ဝိုင်းလုပ်ပေးလိုတဲ့ ဆန္ဒ တွေကြောင့် ဗီဇာ ဘယ်နှစ်ရက် ခွင့်ပြုမယ် ဆိုတာ မခန့်မှန်း နိုင်ပေမယ့် ဝါရှင်တန် မြန်မာသံရုံး မှာ လျှောက်မယ့် အကြောင်း ရှင်းပြပါတယ်။

မိမိ ကိုယ်တိုင် ပြည်ဝင်ခွင့် ဗီဇာ မလျှောက်ခဲ့ဖူး ပေမယ့် ၂ဝဝရ ခုက မြန်မာ ပါ့စ်ပို့ မှာ သက်တမ်းတိုးဖို့ လိုအပ်လို့ လျှောက်ထားရာမှာ အကြောင်းကြားစာ မရလို့ဆိုပြီး ဝါရှင်တန် မြန်မာသံရုံးက သက်တမ်းတိုးမပေးခဲ့ ကြောင်း၊ အဆိုပါ အချိန်မှာ ကိုယ်တိုင်လည်း နယူးယောက်မြို့မှာ နှလုံးခွဲစိတ် ကုသမှု ခံယူရချိန် ဖြစ်ပုံ ဒေါ်မာမာအေး ကရှင်းပြ ပါတယ်။

နောက်ပိုင်းမှာ မြန်မာနိုင်ငံတွင်း က ပရိတ်သတ် တဉီးကနေ ဒေါ်မာမာအေး ကို နိုင်ငံတော် က အပယ်ခံ စါရင်းထဲ သွင်းထားတဲ့ အကြောင်း အသိပေးတာကို ဘီဘီစီ ကို ပြောပြပါတယ်။ အခု ဗီဇာ လျှောက်ခွင့် ရပြီ ဆိုတဲ့တိုင်အောင် နှလုံးခွဲစိတ်မှု ခံထားရတဲ့ အတွက် သုံးလ တကြိမ် သက်ဆိုင်ရာ ဆရာဝန် ကို ပြသရဆဲ ဖြစ်တဲ့ အတွက်၊ ဆရာဝန်ရဲ့ ညွှန်ကြားချက် ယူရဉီးမှာ ဖြစ်သလို မြန်မာ ဌာန အတွက် ပေးပို့နေတဲ့ ပြောပြစရာတွေ တပုံကြီး အစီအစဉ် ကိုလည်း မြန်မာ နိုင်ငံတွင်းမှ ပို့ခွင့် ရမရ ဆိုတာတွေ စီစဉ်ရမယ့် အကြောင်းတွေ ဒေါ်မာမာအေး က ဘီဘီစီ ကို ပြောပြ ပါတယ်။