ဗြိတိသျှပါလီမန်မှာ ဒေါ်စု မိန့်ခွန်းပြောမယ်

  • 19 မေ 2012
westminster
Image caption လွှတ်တော် ၂ ရပ်လုံးမှာ မိန့်ခွန်း ပြောမှာ

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဗြိတိန် ခရီးစဉ် အတွင်း ပါလီမန်မှာ မိန့်ခွန်း ပြောမယ်လို့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက G8 ထိပ်သီး ဆွေးနွေးပွဲမှာ အတည်ပြု ပြောကြား ခဲ့ပါတယ်။

ဇွန်လ ၁၈ ရက်က စတင်မယ့် တပတ်ကြာ ခရီးစဉ် အတွင်း အထက်နဲ့ အောက်လွှတ်တော် ၂ ရပ်လုံးမှာ မိန့်ခွန်း ပြောမှာ ဖြစ်တယ်လို့ မစ္စတာ ကင်မရွန်းက အမေရိကန် နိုင်ငံ ကမ့်ဒေးဗစ် စခန်းမှာ လုပ်တဲ့ ထိပ်သီး ဆွေးနွေးပွဲမှာ ပြောကြား ခဲ့ပါတယ်။

လူလက်တဆုပ်ထက် မြန်မာပြည်သူ အများစု အတွက် အထောက်အပံ့နဲ့ ကုန်သွယ်မှု အခွင့်အလမ်း တွေ ခံစားခွင့် ရရှိရေးကို ထိပ်သီး နိုင်ငံကြီးတွေက အလေးအနက်ထား ဆောင်ရွက်ကြ ဖို့လည်း သူက ဆော်သြ ခဲ့ပါတယ်။

ဗြိတိန် အနေနဲ့ မြန်မာ အစိုးရဘက်က ပြုပြင်ရေး တိုးတက်မှုတွေ မတွေ့သရွေ့ အကူအညီတွေ တိုးပေး သွားမှာ မဟုတ်ဘူး လို့လည်း သတိပေး ခဲ့ပါတယ်။