ထိုင်းက ကယန်းတွေကို မြန်မာ ပြန်ခေါ်လို

  • 19 မေ 2012
kayan ဓာတ်ပုံ မူပိုင် bbc burmese
Image caption ထိုင်းမှာ နေရတာ ပိုအဆင်ပြေတယ်

ထိုင်းနိုင်ငံရောက် ပဒေါင်လို့ ခေါ်တဲ့ ကယန်း လူမျိုးတွေကို မြန်မာနိုင်ငံကို ပြန်ပို့ပေးဖို့ မဲဟောင်ဆောင်မှာ လုပ်တဲ့ ထိုင်း-မြန်မာ နယ်စပ် ကော်မတီ အစည်းအဝေးမှာ မြန်မာ စစ်တပ် ဘက်က ထိုင်းအာဏာပိုင်တွေကို တောင်းဆို လိုက်ပါတယ်။

မဲဟောင်ဆောင် မြို့နယ်မှာ ထိုင်းအာဏာပိုင် တွေက သူတို့အတွက် ရွာတည်ပေး ပါတယ်။

ကယန်းလူမျိုး တွေ လည်ပင်းမှာ ကြေးကွင်းတွေ စွပ်ထားတဲ့ အတွက် ထူးခြားတဲ့ လူမျိုးတွေ အနေနဲ့ ခရီးသည်တွေ လာလေ့လာကြ ပါတယ်။

ခရီးသွားလုပ်ငန်းမှာ အသုံးမချဖို့ လည်း မြန်မာ အာဏာပိုင် တွေက တောင်းဆို ထားပါတယ်။

သဘော တူညီချက် တစုံတရာ မချမှတ် နိုင်ခဲ့ပါဘူး။

အဲ့ဒီရွာက ကယန်း အမျိုးသမီး တဦးကတော့ သူတို့ နေနေကြတာ အနှစ် ၂ဝ ကျော်နေပြီမို့ မပြန်ချင် ကြကြောင်း၊ ပြန်ရင် ဟိုမှာ နေစရာ အိုးအိမ်လည်း မရှိတော့ဘဲ တောင်ယာလည်း လုပ်ကိုင် မစားနိုင် တော့ဘူးလို့ ဆိုပါတယ်။

တတိယ နိုင်ငံကို ရွှေ့သူတွေလည်း ရွှေ့ကုန်ကြပြီး ထိုင်းမှာ နေရတာ ပိုအဆင်ပြေတယ်လို့ ဆိုပါတယ်။