လျှပ်စစ်မီးမရ ဆန္ဒပြ

protest
Image caption ဖယောင်းတိုင် နဲ့ ဆန္ဒပြ

မြန်မာ နိုင်ငံမှာ လျှပ်စစ်မီး ပုံမှန် မရတဲ့ အတွက် မန္တလေးနဲ့ သုံးခွမှာ ဖယောင်း တိုင်တွေ ထွန်းညှိ ပြီး လမ်းလျှောက် ဆန္ဒပြမှု တွေကို ငြိမ်းချမ်းစွာ ပြုလုပ် ခဲ့ကြပါတယ်။

တနေ့ ကို ခြောက်နာရီ ကြာအောင်ပင် လျှပ်စစ်မီး မရရှိတဲ့ အတွက် မန္တလေး မြို့ခံ ၅ဝဝ ခန့်ဟာ တိုင်းလျှပ်စစ် အင်္ဂျင်နီယာ ရုံးရှေ့ နဲ့ ကျုံးဘေး တလျှောက် ညဘက်မှာ လမ်းလျှောက် ဆန္ဒပြ ကြခဲ့ ပါတယ်။

ရန်ကုန်တိုင်း၊ သုံးခွမြို့မှာလည်း သာမန်ပြည်သူ တွေကို ပေးနေကျ အလှည့်ကျ လျှပ်စစ်မီး ကို ပုံမှန် မပေးပဲ၊ အခွင့်ထူးခံ နေရာ တချို့မှာ လျှပ်စစ်မီး ရနေတာကို မကျေနပ် ကြတဲ့ ဒေသခံ ၃၀၀ လောက်ဟာလည်း မေလ ၁၇ ရက် ညက ဖယောင်းတိုင် တွေထွန်းပြီး လျှပ်စစ်ရုံး ရှေ့မှာ ဆန္ဒပြခဲ့ ကြပါတယ်။

ဒီလို မြန်မာပြည် တဝှမ်း လျှပ်စစ်မီး မလုံလောက်လို့ ဆန္ဒပြမှုတွေ ဖြစ်ပေါ် နေချိန်မှာပဲ မေလ ၁၉ ရက် စနေနေ့ က ရန်ကုန်တိုင်း လျှပ်စစ် ဓာတ်အား ပေးရေး အဖွဲ့ ဉက္ကဌ ဉီးအောင်ခိုင်က သတင်းမီဒီယာ တွေကို ခေါ်ယူပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ ပါတယ်။

ခုလို ရန်ကုန်တိုင်း အတွင်းမှာ လျှပ်စစ်မီး မပေးနိုင်တာဟာ ရွှေလီ ဓာတ်အားပေး စက်ရုံက လာတဲ့ ရွှေလီ-မန်စံ ဓာတ်အားလိုင်း တာဝါတိုင်ကို ဖောက်ခွဲ ဖျက်ဆီး ခံရလို့ ဖြစ်တာကြောင့် သူတို့ ပြင်ဆင် နေချိန်မှာ လျှပ်စစ် မီးတွေကို အလှည့်ကျ စနစ် နဲ့သာ ပေးနိုင်မှာ ဖြစ်တယ်လို့ သတင်းမီဒီယာ တွေကနေ တဆင့် ပြည်သူလူထု ကို ပြောကြား သွားခဲ့ ပါတယ်။