ILO ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောမယ်

  • 22 မေ 2012
Image caption ၁၉၈၈ နောက်ပိုင်း ပထမဦးဆုံး ပြည်ပ ခရီးစဉ် ဖြစ်ပါတယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၄ ရက်နေ့ ဂျနီဗာမှာ ကျင်းပမယ့် ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် ILO ညီလာခံကို တက်ရောက် မိန့်ခွန်းပြောမှာ ဖြစ်တယ်လို့ ILO အကြီးအကဲ Juan Somavia က ပြောကြားလိုက်ပါတယ်။

ဒါဟာ ၁၉၈၈ ခုနှစ် မြန်မာပြည်ကို ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်လာခဲ့ပြီး နောက်ပိုင်း ပထမဦးဆုံးသော ပြည်ပခရီးစဉ် ဖြစ်သလို နိုင်ငံခြားမှာ အဦးဆုံး ပြောကြားမယ့် မိန့်ခွန်းလည်း ဖြစ်ပါတယ်။

အဲဒီကနေ တဆင့် နော်ဝေနိုင်ငံကို သွားရောက်ပြီး ၁၉၉၁ ခုနှစ်က ရရှိခဲ့တဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုကို လက်ခံရယူဖို့ ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံကိုလည်း သွားရောက်မှာ ဖြစ်ပြီး အဲဒီမှာတော့ ပါလီမန်မှာ မိန့်ခွန်း ပြောကြားမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြား ခရီးထွက်မယ်လို့ ပြီးခဲ့တဲလက အတည်ပြုပြောကြား ခဲ့ပြီး၊ မေလ ၈ ရက် နေ့မှာတော့ သူဟာ နိုင်ငံကူးလက်မှတ် ရရှိခဲ့တာ ဖြစ်ပါတယ်။