မှော်ဘီ စက်ရုံသပိတ် မပြေလည်သေး

  • 23 မေ 2012
shwenyawah
Image caption ရွှေညဝါ ဆရာတော် အလုပ်သမားတွေဆီ ကြွ

မှော်ဘီ မြောင်းတကာ စက်မှုဇုန် Yangon Crown စက်ရုံက အလုပ်သမား ဆန္ဒပြပွဲ ကို အလုပ်ရှင်ဘက် တာဝန်ယူ ဖြေရှင်း မပေးနိုင်ဘူး ဆိုလို့ အလုပ်သမားတွေ ဘက်က နောက်ဆုံးထိ တိုက်ပွဲဝင်မယ်လို့ ဆိုပါတယ်။

နေ့စား ၁၆ဝ နဲ့ တလမှ ၄၅ဝဝ ကျပ်ပဲ ရတဲ့ အလုပ်သမား ၇ဝဝ ကျော်က အချက် ၁၃ ချက် တင်ပြ တောင်းဆို နေကြတာပါ။

အလုပ်သမား တန်းလျား တွေကနေ ကနေ့ ထွက်ပေးရမယ်လို့လည်း အလုပ်ရှင်ဘက်က ဆိုပါတယ်။

မှော်ဘီမှာ ယာယီ ကျောင်းထိုင် နေတဲ့ ရွှေညဝါ ဆရာတော် ကလဲ အလုပ်သမားတွေဆီ ကြွရောက် အားပေး ပြီး မနက်စာ ညစာ တာဝန်ယူ ကျွေးနေတာ ၂ ရက် ရှိပြီ လို့ ဆိုပါတယ်။

တခြား သွေးလှူရှင် အဖွဲ့တွေနဲ့ ကျောင်းသား သမဂ္ဂ တွေကလဲ ကူညီ စောင့်ရှောက် နေကြ ပါတယ်။