လက်ဘနွန်မှာ သည်းခံကြဖို့ ဟက်ဇဘိုလာဆို

  • 23 မေ 2012
Hassan Nasrullah
Image caption ဒီလူတွေ ပြန်လွှတ်ပေးဖို့ ဆက်သွယ် ကြိုးစား

ဆီးရီးယား နိုင်ငံ အလက်ပို မှာ အနည်းဆုံး လက်ဘနွန် ရှီအာ ဘုရားဖူး အနည်းဆုံး ၁၂ ယောက်ကို ဆီးရီးယား လွတ်မြောက်ရေး တပ်က သူပုန် တွေလို့ ယူဆရတဲ့ လက်နက်ကိုင်တွေ ပြန်ပေး အဆွဲခံရ ပြီးနောက် ချုပ်တည်း သည်းခံ ကြဖို့ ဟက်ဇဘိုလာ အစ္စလာမ္မစ် အုပ်စု ခေါင်းဆောင် ဟာဆန် နပ်စ်ရူလာက ပန်ကြား လိုက်ပါတယ်။

ပြန်ပေးဆွဲ ခံရပြီး ခဏပိုင်း အတွင်းမှာပဲ ဘေရွတ်မြို့တော်မှာ ဒေါသထွက်နေတဲ့ ရှီအာ လူအုပ်ကြီးက လမ်းမကြီး တွေကို ပိတ်ဆို့ပီး ကားဘီးခွေတွေ မီးတင်ရှို့ ခဲ့ကြပါတယ်။

ဒီလူတွေ ပြန်လွှတ်ပေးဖို့ သေချာအောင် ဆက်သွယ် ကြိုးစား နေပါတယ်လို့ ဟက်ဇဘိုလာ ခေါင်းဆောင်က ပြောခဲ့ပြီးနောက် ဆန္ဒပြမှုတွေ ရပ်ဆိုင်း ခဲ့ပါတယ်။

ဒီပြန်ပေးဆွဲမှုဟာ ဆီးရီးယား အစိုးရ ထောက်ခံသူနဲ့ ဆန့်ကျင်သူ တွေ အကြား အကြီး အကျယ် သွေးကွဲ အချင်းများအောင် သွေးထိုးပေးတာမျိုး လို့ ဘေရွတ်က ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။