SSA မိုင်းလား အဖွဲ့နဲ့ ပြည်သူတွေတွေ့

  • 23 မေ 2012
ssa ဓာတ်ပုံ မူပိုင် Reuters
Image caption SSA နဲ့ ဆက်ဆံရမှာ မကြောက်နဲ့တော့

၁၉၅၈ မှာ တော်လှန်ရေး စကထဲက တခါမှ မတွေ့ဆုံ နိုင်ခဲ့တဲ့ ရှမ်းလက်နက်ကိုင် တပ် ၂ ဖွဲ့ ပထမဆုံး တွေ့ဆုံ ခဲ့ကြပါတယ်။

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (သျှမ်းပြည် တပ်မတော်) (RCSS/SSA) နဲ့ မိုင်းလား တပ်ဖွဲ့ ခေါ် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) တို့ တွေ့ဆုံ ကြတာပါ။

အပစ်အခတ် ရပ်စဲရေး ပြီးမှ အခွင့်အရေး ရပြီး မိုင်းလားကို SSAက ချစ်ကြည်ရေး လာရောက် တာပါ။

စစ်ခေါင်းဆောင် တွေနဲ့အတူ ပြည်သူတွေ၊ အစိုးရ ဝန်ထမ်း တွေနဲ့ပါ တွေ့ဆုံ ခဲ့ပါတယ်။

မိုင်းလားတပ်ဖွဲ့ အကြောင်းသာမက ဒေသ ဖွံ့ဖြိုးရေးတွေကိုပါ မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ် စဝ်အောင်မြတ်နဲ့ နယ်စပ်ဝန်ကြီးတို့ပါ လုံခြုံရေး တပ်တွေနဲ့ လိုက်ပို့ ပါတယ်။

အပြန်မှာ ကျိုင်းတုံ တာချီလိတ်က လူမှု အဖွဲ့အစည်းတွေ၊ ပါတီ တွေ ပြည်သူတွေနဲ့ တွေ့ဆုံ ခဲ့ကြပါတယ်။

SSA ခေါင်းဆောင် စဝ်ယွက်ဆစ်က အစိုးရနဲ့ ငြိမ်းချမ်းရေး ယူပီးလို့ SSA နဲ့ ဆက်ဆံရမှာ မကြောက်ဖို့ ၊ မူးယစ်ဆေး တိုက်ဖျက်ရေး ဒေသ ဖွံ့ဖြိုးရေးတွေ ပူးပေါင်း လုပ်ဆောင်ဖို့၊ နိုင်ငံရေး လေ့လာကြဖို့ တိုက်တွန်း ခဲ့ပါတယ်။

အရင်က SSA နဲ့ ဆက်သွယ်သူကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်တာ ရှိခဲ့လို့ စိုးရိမ် ခဲ့ကြပေမယ့် ဒီတခါတော့ ပြည်သူ ထောင်ချီ လာတွေ့ကြတယ် လို့ သိရပါတယ်။