ပေါင်းတည်မှာ မီးမရလို့ ဆန္ဒပြ

  • 24 မေ 2012
_candle_light
Image caption ဖယောင်းတိုင်ထွန်း ဆန္ဒပြ

ပဲခူးတိုင်းအနောက်ဖက်ခြမ်း ပေါင်းတည်မြို့မှာ လူဉီးရေ ၅၀၀ ခန့်ဟာ ဖယောင်းတိုင်တွေ မီးထွန်းကိုင်ဆောင်ပြီး မနေ့ ညက ငြိမ်းချမ်းစွာ ဆန္ဒပြကြပါတယ်။ ဆန္ဒပြသူတွေ ကို ရဲ နဲ့ လုံခြုံရေး က စောင့်ကြည့်ပေမယ့် တစုံတရာ အနှောက် အယှက် မပေးကြပါဘူး။

ဆန္ဒပြသူ တဉီး က ဆန္ဒပြတဲ့ အထဲမှာ ပါဝင်ရခြင်း ကို ဘီဘီစီ ကိုရှင်းပြရာမှာ မီတာခ ကြီးမြင့်ပေမယ့် လျှပ်စစ်မီး မှန်မှန်မရတဲ့ အတွက် ဖယောင်းတိုင်ထွန်း ချီတက် ဆန္ဒပြပွဲ ထဲ လိုက်ပါ ရခြင်း ကို ပြောပါတယ်။

ဒီလို ဆန္ဒပြရုံ နဲ့ အထက်အာဏာပိုင်တွေ က လိုက်လျောမှု ပြုပါ့မလား ဆိုတါ နဲ့ ပတ်သက်ပြီး ပြောရာမှာတော့ နိုင်ငံတော် သမ္မတ က စလို့ အစိုးရ အာဏာပိုင်တွေ က ပြည်သူတွေ ရဲ့ အသံ ကို ကြားသိလိုပုံ၊ ပြည်သူ့လွှတ်တော်မှာ မိန့်ကြားခဲ့လို့ အခုလို အခြားမြို့တွေမှာ ဖယောင်းတိုင်ထွန်း ချီတက် ဆန္ဒပြသလို ပေါင်းတည် မှာ တဦးက စ ရာက နောက်က လူတွေ လိုက်ပါ လာပုံ ကို ရှင်းပြပါတယ်။

မြို့ခံတွေ က ငြိမ်းချမ်းစွာ ချီတက်ပြမှု ကို တနာရီကြာ လှည့်လည်ပြီး မြို့လည်ခေါင်၊ မန္တလေး ပေါင်းတည် လမ်းမကြီး တလျှောက် ပြုကြပုံ ကို မြို့ခံ က ရှင်းပြပါတယ်။ ရန်ကုန်မြို့ မှာလည်း ဒုတိယမြောက် ည အနေ နဲ့ ဆူးလေ ဘုရားတဝိုက် ဖယောင်းတိုင်တွေ မီးထွန်းကိုင်ဆောင်ပြီး ချီတက် ဆန္ဒပြကြပါသေးတယ်။