အိန္ဒိယ ဝန်ချုပ်နဲ့ စီးပွားရေးသမားတွေပါသွား

tata ဓာတ်ပုံ မူပိုင် AFP
Image caption အိန္ဒိယက တာတာ ကားကုမ္ပဏီဟာ မြန်မာ နိုင်ငံမှာ ရင်းနှီး မြှတ်နှံလျှက်ရှိ

မြန်မာ နိုင်ငံကို မနက်ဖန် လာရောက်မယ့် အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းရဲ့ ခရီးစဉ်မှာ စီးပွား ရေး သမား အများအပြား လိုက်ပါသွားမယ်လို့ သတင်း ရရှိပါတယ်။

အိန္ဒိယက မြန်မာ ကို စီးပွားရေး အရ စိတ်ဝင် စားမှု အတော် ရှိတယ်လို့ သတင်း ရရှိပါတယ်။

အိန္ဒိယဟာ အရင် ကတည်းက စစ်အစိုးရ အ ဆက်ဆက် နဲ့ ပြေလည်တဲ့ ဆက်ဆံရေး တွေ ထားခဲ့သလို အခုလို မြန်မာနိုင်ငံ ပွင့်လင်း လာရာမှာလည်း ဒီအခွင့်အရေး ကို လက်လွတ် မခံနိုင်ပါဘူး။

လောလောဆယ် နှစ်နိုင်ငံ ကုန်သွယ်မှု အနေအထား အရလည်း အမေရိကန် ဒေါ်လာ သန်း နှစ်ထောင် အနက် မြန်မာဘက်က ဒေါ်လာ သန်း ကိုးရာနဲ့ အသာရနေတာ ဖြစ်ပါတယ်။

စီးပွားရေး ပိုင်းမှာ တရုတ် အစိုးရ သြဇာ ကို မယှဉ်နိုင်ပေမယ့် အိန္ဒိယ ရဲ့ အားသာချက်က ယဉ်ကျေးမှု အရ ဆက်စပ်မှု ရှိပါတယ်။

လောလောဆယ် အိန္ဒိယက တာတာ ကားကုမ္ပဏီက မြန်မာ နိုင်ငံ အလယ်ပိုင်းမှာ စက်ရုံ တည်ထားတယ်လို့လည်း သိရပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟာဆင်း ဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ လည်း သွားရောက်တွေ့ဆုံ မှာဖြစ်ပြီး အိန္ဒိယ ကိုလည်း ဖိတ်ခေါ် ဖို့ ရှိကြောင်းလည်း ဒေလီ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

အိန္ဒိယ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သြဇာ နဲ့ အရှိန်အဝါ ကို အသိအမှတ် ပြုတဲ့ အပိုင်းလည်း ပြလိုသလို မြန်မာ အစိုးရ နဲ့ လည်း ပြေလည်မှု ရှိကြောင်းလည်း ပြချင်ပါတယ်။