သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စီးပွားရေး သုံးသပ်ချက်

Image caption ရင်းနှီးမြှုပ်နှံမှု တွေကြောင့် သာမန် လူတွေ အကျိုးရှိ မှာလား

အိန္ဒိယ ဝန်ကြီးချုပ် မာမွန်ဟန်ဆင်း ဟာ ၂၅ နှစ် ကာလ အတွင်း မြန်မာ နိုင်ငံကို ပထမဆုံး လာရောက်တဲ့ အိန္ဒိယ ဝန်ကြီးချုပ် ဖြစ်ပါတယ်။

သူ့ခရီးစဉ်မှာ အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင် ကြီးတွေ ကိုလည်း ခေါ်လာခဲ့ တာမို့ ဒါဟာ နှစ်နိုင်ငံ ဆက်ဆံရေး သက်သက် ဆိုတာထက် တရုတ်ရဲ့ စီးပွားရေး အရ လွှမ်းမိုးမှုကို တန်ပြန်ဖို့ ဖြစ်တယ် ဆိုတဲ့ အယူ အဆ တွေလည်း ရှိနေ ပါတယ်။

တကယ်တော့ အိန္ဒိယက မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ ခြေလှမ်းပြင်နေတုန်းမှာ တရုတ်က တော့ ခြေစုံပစ်ပြီး ဝင်ထား ပြီးသားပါ။

ဒီတော့ မြန်မာ နိုင်ငံဟာ ဒေသတွင်း အင်အားကြီး နှစ်နိုင်ငံ အားပြိုင်ရာ နေရာ တခု ဖြစ်လာမှာလား။

ဒီအကြောင်း စီးပွားရေး သုံးသပ်ချက် အစီအစဉ်မှာ ဉီးကိုကိုအောင် က သုံးသပ် တင်ပြ ထားပါတယ်။