ဆိုက်ရောက်ဗီဇာ ဒီနေ့က စပြီး ထုတ်ပေး

  • 1 ဇွန် 2012
visa
Image caption ဇွန် တရက်က စပြီး ဆိုက်ရောက်ဗီဇာ အကန့် အသတ်နဲ့ စထုတ်ပေး

မြန်မာ နိုင်ငံမှာ ဒီနေ့ ဇွန်လ တရက်နေ့က စပြီး ဆိုက်ရောက် ဗီဇာကို အကန့်အသတ်နဲ့ ထုတ်ပေး နေပါပြီ။

စီးပွားရေး ဆိုင်ရာ ဗီဇာ၊ ဆွေးနွေးပွဲ တက်မယ့် ဗီဇာနဲ့ ဖြတ်သန်း သွားလာစဉ် ခေတ္တ ဝင်ရောက်တဲ့ transit visa တွေ ထုတ်ပေးမှာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေ၊ အရှေ့အာရှနဲ့ အရှေ့တောင် အာရှက နိုင်ငံတွေနဲ့ သြစတြေးလျ၊ နယူးဇီလန် စတဲ့ နိုင်ငံ စုစုပေါင်း ၂၇ နိုင်ငံက နိုင်ငံသားတွေ အားလုံး ဆိုက်ရောက် ဗီဇာထဲ အကြုံးဝင်မှာပါ။

စီးပွားရေး ဗီဇာအတွက် ဗီဇာကြေး ဒေါ်လာ ငါးဆယ်နဲ့ ရက်ပေါင်း ခုနှစ်ဆယ်ထိ ပေးမှာ ဖြစ်ပါတယ်။

ဗီဇာကြေးနဲ့ နေထိုင်ခွင့် သက်တမ်း ကာလနဲ့ ဆိုင်တဲ့ သတင်းတွေကို မြန်မာ သံရုံး တွေက အင်တာနက်ဆိုက်တွေမှာ တင်ထာတယ်လို့ လူဝန်မှု ကြီးကြပ်ရေး ဝန်ကြီး ဉီးခင်ရီက ပြောပါတယ်။

စီးပွားရေး ဗီဇာ business visa လျှောက်ထားနိုင်ဖို့ မြန်မာ နိုင်ငံတွင်းက ခေါ်စာ ပါရုံနဲ့ ထုတ်ပေးမှာ ဖြစ်တယ်လို့လည်း ဉီးခင်ရီက ဘီဘီစီကို ပြောပြခဲ့ပါတယ်။