ရန်ကုန် ဟိုင်မိုနဲ့ စက်ရုံတချို့ဆန္ဒဆက်ပြ

  • 1 ဇွန် 2012
factory ဓာတ်ပုံ မူပိုင် Getty Images
Image caption အခြေခံ လစာ သုံးသောင်း တောင်း

ရန်ကုန်တိုင်းထဲ တချို့ စက်ရုံတွေမှာ လုပ်ခ တိုးရေး ကိစ္စ ညှိလို့ ရသွားပေမယ့် ဟိုင်မိုနဲ့ စက်ရုံ တချို့မှာ ဆက် ဆန္ဒပြနေဆဲလို့ သတင်း ရရှိပါတယ်။

ခုနောက်ဆုံး ရတဲ့ သတင်းအရ ဟိုင်မို စက်ရုံမှာ အလုပ်ရှင်က အလုပ်သမား တွေကို ပေးနေတဲ့ ရိက္ခာတွေကို အလုပ်ရှင်က ဖြတ်လိုက်တယ်လို့ သတင်း ရရှိပါတယ်။

အခု ဖြစ်နေတဲ့ အလုပ်ရှင် အလုပ်သမား ပြဿနာ တချို့ကို ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ကလည်း သွားရောက် ညှိနှိုင်းပေးခဲ့ပါတယ်။

အလုပ်ရှင်ဘက်က ဖိနှိပ်မှု ပိုကြီးလာပေမယ့် အလုပ်သမားတွေ ဘက်က ကိုယ်လိုချင်တာ မရမချင်း ဆက်ဆန္ဒပြဖို့ သန္နိဋ္ဌာန် ပိုကြီးလာတာကို တွေ့ရတယ်လို့ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ဝင် မမာမာဉီးက ဘီဘီစီကို ပြောပြပါတယ်။

အလုပ်သမားတွေက အခြေခံ လစာကို သုံးသောင်း တောင်းထားပြီး အစောပိုင်းက အလုပ်သမား ဝန်ကြီးဌာနရဲ့ ကြားဝင် ဖြန်ဖြေမှုနဲ့ အလုပ်ရှင်ဘက်က လိုက်လျောမယ် လို့ ကတိ စာချုပ်ချုပ်ပေးခဲ့ပေမယ့် ကတိ အတိုင်း ဆောင်ရွက် မပေးတာ ဖြစ်ပါတယ်။

အခုဆိုရင် ဒီအလုပ်ရုံမှာ ဆန္ဒပြနေတာ တလ နီးနီး ရှိလာပြီ ဖြစ်ပေမယ့် အလုပ်သမားတွေ ဘက်က ဇွဲမလျှော့ဘဲ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။