ရွှေတူးလုပ်သားတွေ ဆန္ဒပြ

  • 1 ဇွန် 2012
Image caption အိုင်အယ်လ်အို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ကို လည်းအကူအညီတောင်းခံ

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်အတွင်းက မိုးထိမိုးမိ တောင်ပေါ်ရွှေတွင်းလုပ်ကွက်မှာ ကုမ္ပဏီဘက်က ရုတ်တရက် အလုပ်ရပ်နားလိုက်တာကြောင့် အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမား ၇သောင်းကျော်ဟာ သောကြာ မနက်မှာဆန္ဒပြခဲ့ကြပါတယ်။

ရမည်းသင်းနဲ့ ၂၅မိုင်လောက်ဝေးတဲ့ နေရာမှာ ရွှေတွင်းကို တူးဖို့အစိုးရဆီကတိုက်ရိုက်လိုင်စင်ရထားတဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက အကျိုးအမြတ် တ၀က်စားနဲ့ ထပ်ဆင့်လုပ်ကိုင်ခွင့်ပေးထားတဲ့ တပိုင်တနိုင်ရွှေတူးသမားတွေကို ဆက်လုပ်ခွင့်မပေးတော့တာကြောင့် အလုပ်လက်မဲ့ဖြစ်ကုန်ကြတဲ့ အလုပ်သမားတွေနဲ့ လုပ်ငန်းရှင်ငယ်လေးတွေခုလိုစုပေါင်းပြီးဆန္ဒပြကြတာပါ။

တိုက်ရိုက်လိုင်စင်ရထားတဲ့ကုမ္ပဏီက ငါးနှစ်စာချုပ်နဲ့ တနိုင်တပိုင်သမားတွေ ကိုလုပ်ခွင့်ပေးထားရာကနေ ရုတ်တရက် အကြီးစားစက်ယန္တယားတွေနဲ့လုပ်ကိုင်တဲ့စနစ်ကိုပြောင်းတော့မှာမို့ ခုလိုအသေးစား လုပ်ငန်း တွေကို ရပ်နားခိုင်းတာလို့ သိရပါတယ်။

ဒေသခံလုပ်ငန်းရှင်တွေကတော့ လုပ်ငန်းစလို့ခြောက်လတောင်မပြည့်ခင်မှာ အခုလိုလုပ်ငန်းတွေ ရပ်သွားတဲ့အတွက် အလုပ်သမားတွေသိန်းနဲ့ချီပြီးဒုက္ခရောက်နေကြကြောင်း တနိုင်လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးဌေးအောင်က ပြောပြပါတယ်။

အလုပ်သမားတွေနဲ့တနိုင်တပိုင်လုပ်ငန်းရှင်တွေဘက်က ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန် ကိုယ်တိုင် နဲ့ဆွေးနွေးချင်နေပေမယ့် ခုချိန်ထိတွေ့ခွင့်မရသေးဘူးလို့ ဒီကိစ္စအတွက် အသေးစိပ် မသိရသေးပါဘူး။

အလုပ်သမားတွေဘက်ကတော့ သူတို့အခွင့်အရေးရတဲ့အထိ ဆက်ပြီးဆန္ဒပြမယ်လို့ဆိုနေကြောင်း ညှိနိုင်းရာမှာပါ၀င်တဲ့ အလုပ်သမားအရေး ဆောင်ရွက်သူ ဦးကိုကြီးက ပြောပါတယ်။

ဒါ့အပြင် အလုပ်သမားတွေဘက်ကတော့ သူတို့အခက်အခဲကို နိုင်ငံတော်သမ္မတ အပြင် အိုင်အယ်လ်အို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ရန်ကုန်ရုံးခွဲနဲ့ သက်ဆိုင်ရာ၀န်ကြီးဌာနတွေကို အကူအညီတောင်းထားတယ်လို့ သိရပါတယ်။