ဗြိတိသျှဘုရင်မကြီး နန်းသက် နှစ် ၆၀ အခမ်းအနား စတင်

  • 2 ဇွန် 2012
ဓာတ်ပုံ မူပိုင် AP
Image caption တနင်္ဂနွေနေ့မှာ သိမ်းမြစ် တလျှောက် ရေယာဉ် တထောင် ခြံရံပြီး ဘုရင်မကြီး လှည့်လည်မယ်

ဗြိတိန်နိုင်ငံမှာ ၄ ၇က် ကြာကျင်းပမယ့် ဗြိတိသျှ ဘုရင်မကြီး အလဇ္ဇဘက်ရဲ့ နန်းသက် နှစ် ၆၀ စိန်ရတု သဘင် အခမ်းအနားတွေ စနေနေ့မှာ စတင်နေပြီ ဖြစ်ပါတယ်။

လန်ဒန်မြို့မှာ ဗြိတိသျှ စစ်တပ်ကနေ အမြောက် ၄၁ ချက် ပစ်ဖေါက်ပြီး အခမ်းအနားတွေ ကို ဖွင့်လှစ်ခဲ့ပါတယ်။

ညနေပိုင်းမှာတော့ ဘရင်မကြီးဟာ ဗြိတိန်မှာ အကျော်ကြားဆုံးသော မြင်းပြိုင်ပွဲ ဖြစ်တဲ့ Epson derby မြင်းပြိုင်ပွဲကို သွားရောက် ကြည့်ရှုမှာ ဖြစ်ပါတယ်။

မနက်ဖြန် တနင်္ဂနွေမှာတော့ သိမ်းမြစ် တလျှောက် ရေယာဉ် တထောင် ခြံရံပြီး ဘုရင်မကြီးဟာ ရေယာဉ်နဲ့ လှည့်လည်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ